Cele News

မပြင်​မဆင်​ကပိုကရို​လေးနဲ့လည်း ဆွဲ​ဆောင်​မှုရှိ​နေတဲ့ ဝတ်​မှုန်​​ရွှေရည်

ပရိတ်​သတ်​အ​မြောက်​အမြာနဲ့ ​အောင်​မြင်​ တဲ့မင်းသမီး​ချော​လေး အကယ်​ဒမီ ဝတ်​မှုန်​​ရွှေရည်​​ က​တော့ ​ရုပ်​ရှင်​ကား​ပေါင်းများစွာနဲ့ ပရိတ်​သတ်​ရင်​ထဲ ​ရောက်​ရှိနိုင်​သူ တစ်​ဦးပါ။ သူမပါဝင်​သရုပ်​​ဆောင်​ထားတဲ့ ဇာတ်​ကားတိုင်းလိုလိုဟာ ရုံအပြည့်​နဲ့ ပရိတ်​သတ်​​တွေ ဝက်​ဝက်​ကွဲ အား​ပေးရစမြဲဘဲဖြစ်​ပါတယ်​။

သူမဟာ အနုပညာ အလုပ်​​တွေကို ရူးသွပ်​သူပီပီ ယ​နေ့အထိ အနုပညာအလုပ်​​တွေကိုမနားမ​နေ လုပ်​ကိုင်​​​နေလျက်​ရှိပါတယ်​။ဝတ်​မှုန်​​ရွှေရည်​ဟာ ဂျပန်​မြန်​မာ ချစ်​ကြည်​​ရေး ဇာတ်​လမ်း​လေးဖြစ်​တဲ့ “ဇာတိ​မြေ”ရုပ်​ရှင်​ဇာတ်​ကား​လေးဟာလည်း ​အောင်​မြင်​မှုရရှိခဲ့ပြီး ထိုင်းနဲ့တွဲဖက်​ရိုက်​ကူးခဲ့တဲ့ “လိပ်​ပြာစံအိမ်​”ဇာတ်​ကား​လေးဟာလည်း ပရိတ်​သတ်​ကြားအ​တော်​​လေး ​အောင်​မြင်​ခဲ့ပါတယ်​။ အခုတစ်​ခါမှာလည်း မင်းသမီး​လေး ဝတ်​မှုန်​​ရွှေရည်​​ က ကို၇ီးယားမင်းသားနဲ့”တိမ်​​တွေ ​ပေါ်ကပန်း”ဇာတ်​ကားမှာ အတူတူ သရုပ်​​ဆောင်​တာ​တွေ့ရဦးမှာပါ။

ဝတ်မှုံရွှေရည်က လက်ရှိမှာတော့ စင်္ကာပူနိုင်ငံမှာ အနားယူအပန်းဖြေနေတာပဲ ဖြစ်ပါတယ်။ ကစ်​က​တော့ ကြည်​လင်​တဲ့ အသားအ​ရေ ​လေးနဲ့ မိတ်​ကပ်​မပါမပြင်​မဆင်​​တောင်​သဘာဝအတိုင်းအရမ်းလှ​နေတာပါ​နော်​။
ဝတ်မှုံရွှေရည်က မကြာခင်မှာလည်း ရွှေထူး၊ ဟိန်းဝေယံတို့နဲ့အတူတူ “တစ်ဦးတည်းသော ဣတ္ထိယ ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။


ပရိတ်​သတ်​​တွေအတက်​ဝတ်မှုံရွှေရည်ရဲ့ စင်္ကာပူရောက် ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source: Wutt Hmone Shwe Yi’s fb

Leave a Reply

Your email address will not be published. Required fields are marked *