
ဒါရိုက်တာ ဇင်ယော်မောင်မောင်နဲ့ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီးဖြစ်တဲ့ မေသန်းနုတို့ရဲ့ တစ်ဦးထဲသော သားလေးဖြစ်တဲ့ မင်းသန့်မောင်မောင်ကတော့ မိဘနှစ်ပါးရဲ့ အနုပညာအမွေတွေကိုဆက်ခံထားပြီး ဒါရိုက်တာအလုပ်နဲ့ အနုပညာလောကထဲကိုစတင်ခြေချနေတာပဲဖြစ်ပါတယ်။

မင်းသန့်မောင်မောင်ရဲ့ ပထမဦးဆုံးဇာတ်ကားကြီးဖြစ်တဲ့ နိုင်ငံတကာအဆင်မှီ တိမ်တွေပေါ်ကပန်းရုပ်ရှင်ဇာတ်ကားကြီးကို ကိုရီးယား မြန်မာ ချစ်ကြည်ရေးအနေနဲ့ ရိုက်ကူးထားကာဖြစ်ကာ ထိုကားကြီးရဲ့ Family Show ကို နိုဝင်ဘာလ ၁၄ရက်နေ့မှာကျင်းပခဲ့တာဖြစ်ပါတယ်။

ထိုရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ ကိုရီယားနိုင်ငံမှ သရုပ်ဆောင်မင်းသား Ryu Sang Wook ၊ကျော်ထက်အောင်၊ဝတ်မှုန်ရွှေရည်၊ မေသန်းနု၊တို့ကအဓိကပါဝင်အားထြည့်ထားတာဖြစ်ပြီး ထိုရုပ်ရှင်ဇာတ်ကားကြီးရုံတင်တဲ့အခါ ပရိတ်သတ်တွေလာကြည့်ရင် အနုပညာနဲ့ပတ်သက်ပြီး အနှစ်သာရတစ်ခုခုကိုခံစားမိမှာပါ။

ပိုက်ဆံပေးပြီး ရုပ်ရှင်းကားကြီးတကားကို လာရောက်ကြည့်ရှုပြီးမှ ရုံထဲကထွက်သွားရင် အနုပညာခံစားချက် တစ်ခုခုများ မရသွားမှာဆိုးရိမ်တယ် တန်လဲမတန်ဘူးလေ။ဒီကားကြီးကိုလာကြည့်ရင်တော့ ခံစားချက်တစ်ခုခုမရရင်တောင် ပနှစ်သာရရှိလှတဲ့ အနုပညာပြချက်တွေကိုတွေ့မြင်ရမှာပါလို့ ပြောခဲ့ပါတယ်။

Source; 8day journal