
ခိုင်သင်းကြည်ကတော့ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ပရိသတ်အထူးအားပေးလက်ခံ ချစ်ခင်ကြတဲ့ အနုပညာရှင်တစ်ဦးပါ။ ခိုင်သင်းကြည်ဟာ အနုပညာအလုပ်မှာ ဝါသနာပါပြီး တစိုက်မတ်မတ်ကြိုးစားအားထုတ်မှုကြောင့် ပရိသတ်အခိုင်မာရရှိထားသူလည်းဖြစ်ပါတယ်။ ကျရာဇာတ်ရုပ် ကိုပီပြင်အောင် သရုပ်ဆောင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲရှိနေတဲ့ မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။


ပရိသတ်တွေက မခိုင်လေးလို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ခိုင်သင်းကြည်ဟာသမီးလေးဖြစ်သူ ထိပ်ထားလေး စာမေးပွဲ အပြီးပျော်ပျော်ပါးပါး မိသားစုညစာစားနေတဲ့ပုံရိပ်တွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ Facebook ကနေမျှဝေခဲ့တာလည်းဖြစ်ပါတယ်။

ခိုင်သင်းကြည်ဟာလည်း ပရိသတ်တွေလေးစားအားကျရတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ချစ်စရာကောင်းတဲ့ သူ့သမီးလေးကလည်း မအေတူလေးမို့ အနုပညာကို ချစ်မြတ်နိုးပြီး အနုပညာလှုပ်ရှားမှုတွေလုပ်ကိုင်နေလျက်ရှိပါတယ်။
မခိုင်လေးဟာလည်း အနုပညာလှုပ်ရှားမှုတွေကို တစိုက်မတ်မတ်လုပ်ကိုင်မှုတွေကြောင့် ခုချိန်ထိ အခြားအနုပညာရှင်တွေနဲ့ ယှဉ်ပြီး ဝါရင့်အနုပညာရှင်တစ်ယောက်အဖြစ်ကျော်ကြားနေတာလည်းဖြစ်ပါတယ်။

Source; Khaing Thin Kyi