
မြန်မာနိုင်ငံရဲ့ နာမည်ကြီးမော်ဒယ်လ် တစ်ဦးဖြစ်တဲ့ Miss ရွှေအိမ်စည် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရသူလေးပါ။ ရွှေအိမ်စည်က ဆယ်ကျော်သက် အရွယ်Miss တစ်ဦးဆိုပေမယ့် သူမက အဖက်ဖက်က ထူးချွန်ထက်မြတ်ပြီး ယုံကြည်မှုအပြည့်နဲ့ သူမရဲ့ ဘဝကို ဖြတ်သန်းနေသူလေးပါ ။ဒီတစ်ခါမှာတော့ ပြီးပြည့်စုံတဲ့ အမိုက်စား Body ပိုင်ရှင်လေး ရွှေအိမ်စည် က သူမကို မာနကြီးတယ် ချေတယ်လို့ ပြောတဲ့ သူတွေကို ပညာသားပါပါ ပြန်ပြောလိုက်တဲ့ အကြောင်းကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေအိမ်စည် က အနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်ဇာတ်ကား များကို ရိုက်ကူးထားပြီး မဂ္ဂဇင်း Cover အလှပုံရိပ်တွေရိုက်ကူးထားတာ တွေ့ရပါတယ်။ ရွှေအိမ်စည် က “သရွှီး” ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင် မြင့်မြတ်၊ နန်းခင်ဇေယျာ ၊ ဆွန်ဆွန် တို့နဲ့ အတူ ရိုက်ကူးထားပါတယ်။

ဒီတစ်ခါမှာတော့ ရွှေအိမ်စည် က ” Yes I am high maintenance because I maintain myself so well. I have beauty and I have brains so I have the right to be. It’s the ones who don’t have either of them we need to worry about. Don’t worry about me honeyyy I’m goooodd🤟”

“မာနကြီးတယ် ချေတယ်ပြောကြလွန်းလို့ ကျမမာနကြီးရင်ကြီးမယ် ချေရင်ချေမယ်. ကျမမှာ အဲ့လိုလုပ်ခွင့်ရှိတယ်လေ. ကျမလှတယ်လေ ကျမထက်မြတ်တယ် တစ်ကယ်တော့ ဘာတစ်ခုမှမရှိပဲနဲ့ ချေနေတဲ့သူတွေကိုသာ စိတ်ပူရမှာ😬😬 ” လို့သူမ ကို ပြောတဲ့ သူတွေကို ပြန်ပြောထားပါတယ်။

Source; Shwe Eain Si