
ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး အောင်မြင်မှုတွေ ဆက်တိုက်ဆိုသလို ရရှိခဲ့တဲ့ ရွှေမှုံရတီက ထိပ်တန်းမင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီက အခုဆိုရင် အသက် (၂၁) နှစ်ကျော် အရွယ်ကို ရောက်ရှိနေသူလေးဖြစ်ပြီး အဆိုတော် ရွှေထူးနဲ့အတူတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်လွန်းတဲ့ ရွှေမှုံရတီတို့ အိမ်ထောင်ရေးလေးကို ပရိသတ်တွေကလည်း အားပေးချစ်ခင်ကြပါတယ်။

လှပမှုတွေ ပေါင်းစုံနေတဲ့ မင်းသမီးချောလေး ရွှေမှုံရတီက ဒီတစ်ခေါက်မှာလည်း ကျက်သရေရှိလှတဲ့ သတို့သမီးဝတ်စုံလေးနဲ့ အလှကြီး လှနေတာကို တွေ့ရပါတယ်။ ရွှေမှုံရတီရဲ့ အခုပုံရိပ်တွေကတော့ ဒီဇိုင်နာ ကောင်းမြတ်ရဲ့ “Kaung Myat Haute Couture 2019/ 2020 Wedding Latest Collection” ဝတ်စုံဖြင့် ရိုက်ကူးဖြစ်တဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။


ရွှေမှုံရတီ ဝတ်ဆင်ထားတဲ့ ဝတ်စုံလေးက “မြန်မာထိုင်မသိမ်းကိုမှ ပန်းကလေးတွေ ချစ်မြတ်နိုးတဲ့ သတို့သမီးလောင်းလေးတွေအတွက် အထူး accessorize လုပ်ပေးထားတဲ့ ဝတ်စုံလေးပဲဖြစ်ပါတယ်။” လို့ ဒီဇိုင်နာ ကောင်းမြတ်က ဆိုထားပါတယ်။
ရွှေမှုံရတီကတော့ ဒီထိုင်မသိမ်းဝတ်စုံလေးနဲ့ အရမ်းကို ကျက်သရေရှိနေတာပဲနော်။ ပရိသတ်ကြီးလည်း ရွှေမှုံရတီရဲ့ ခမ်းနားလှတဲ့ ပုံရိပ်တွေကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။

Source; MUA-Lin Lin