12 နှစ်ကျော်ကြာမှာ ဇာတ်ကားတစ်ကားထဲမှာ တွဲဖက်မြင်တွေ့ရမယ့် နိုင်နိုင်း နဲ့အိန္ဒြာကျော်ဇင် – Myanmar Hot News
23rd March 2023

12 နှစ်ကျော်ကြာမှာ ဇာတ်ကားတစ်ကားထဲမှာ တွဲဖက်မြင်တွေ့ရမယ့် နိုင်နိုင်း နဲ့အိန္ဒြာကျော်ဇင်

နိုင်ငံကျော် အနုပညာကြယ်ပွင့်တွေဖြစ်တဲ့ နိုင်နိုင်း နဲ့ အိန္ဒြာကျော်ဇင် တို့ကတော့ ဇာတ်ကားတွေမှာတွဲဖက်မမြင်တွေ့ရတာ ၁၂နှစ်ကျော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။အတူတူ တွဲဖက်သရုပ်ဆောင်ချက်တွေကို မမြင်တွေ့ခဲ့ရတာ အတော်ကြာခဲ့ပြီဖြစ်သော်လည်း အခုအခါမှာတော့ သူတို့နှစ်ဦးကို ဇာတ်ကားကြီး တစ်ကားထဲမှာ တွဲဖက်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

စတုတ္ထမြောက်သွေးကြောမျှင် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ သူတို့နှစ်ဦးကို တွဲဖက်မြင်တွေ့ရမှာကြောင့် တွဲဖက်ညီတဲ့ သရုပ်ဆောင်ချက်တွေကိုရင်ခုန်စိတ်လှုပ်ရှားစွာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ထိုရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ သရုပ်ဆောင် အသစ်လေးတွေဖြစ်တဲ့ ရွှေထူးနဲ့ မေမြင့်မိုရ် တို့နဲ့ အတူတူ တွဲဖက်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

ထိုရုပ်ရှင်ဇာတ်ကားကြီး ကိုစတင်ပုံဖော်ရိုက်ကူးဖို့ ဖော်ဆောင်နေတာဖြစ်ပြီး မကြာခင်ရိုက်ကူးတော့မှာပဲဖြစ်ပါတယ်။ထိုဇာတ်ကားကြီးထွက်ရှိလာရင်တော့ ဘယ်လိုသရုပ်ဆောင်တွေနဲ့ ဒါရိုက်တာသားညီရဲ့ ရိုက်ချက်တွေနဲ့ အတူတူ ဘယ်လိုလိုက်ဖက်ညီအောင်တွေ့မြင်ရမလဲဆိုတာကတော့ ရင်ခုန်စွာမျှော်လင့်နေရမှာပဲဖြစ်ပါတယ်။

Source; 7th Sense Creation

Leave a Reply

Your email address will not be published. Required fields are marked *