“The AVENUE ” ဆိုင်ခွဲဖွင့်ပွဲမှာ လှပကျော့ရှင်းစွာ တွေ့ရတဲ့ Awn Seng – Myanmar Hot News
25th March 2023

“The AVENUE ” ဆိုင်ခွဲဖွင့်ပွဲမှာ လှပကျော့ရှင်းစွာ တွေ့ရတဲ့ Awn Seng

နာမည်ကြီး ထိပ်တန်းမော်ဒယ် တစ်ယောက်ဖြစ်တဲ့ မော်ဒယ် Awn Seng ကတော့ ပရိတ်သတ် အခိုင်အမာ ရရှိထားတဲ့ မော်ဒယ်တစ်ယောက် ဖြစ်ပါတယ်။ သူမက ကချင်လူမျိုးတစ်ယောက် ဖြစ်တာမို့ မျက်နှာက တိုင်းရင်းသူဆန်ဆန် တစ်မျိုးလေး ဆန်းသစ် လှပပါတယ်။ နှုတ်ခမ်းနားက မဲ့လေးကတော့ သူမမျက်နှာကို ပေါ်လွင်စေတဲ့ အမှတ်အသားလေး တစ်ခုပါပဲ။

မော်ဒယ်ဆိုတဲ့အတိုင်း သူမရဲ့ ခန္ဒာကိုယ်က အရမ်းကို ဖြောင့်မတ်လှပလွန်းပါတယ်။ သူမဟာ gymလဲ ဆော့တယ်၊ အားကစားဆိုလဲ မလွတ်တမ်း လုပ်တယ်။ ခရီးတွေကိုလဲ ပြည်တွင်း၊ ပြည်ပအစုံ အမြဲ လျှော်သွားနေသူတစ်ယောက်လဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ထိပ်တန်းမော်ဒယ် လေးယောက်ထဲမှာလဲ သူမက ပါဝင်ပါတယ်။ gymဆော့ပြီး အားကစား အမြဲလုပ်တဲ့ သူမရဲ့ ခန္ဒာကိုယ်လေးက ချပ်ကပ်ပြီး Six Pack ပါ ထွက်နေပါတယ်။ သူမကိုချစ်တဲ့ ပရိတ်သတ် ယောက်ကျားလေး၊ မိန်းခလေးတိုင်းက သူမရဲ့ အားကစားလှုပ်ရှားမှုတွေကို သဘောကျနေကြတာကို တွေ့ရပါတယ်။

သူမက နာမည်ကြီး လက်ဝှေ့မင်းသား အောင်လအန်ဆိုင်းကိုလဲ အရမ်း အားပေးတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ အောင်လရဲ့ အမာခံ ပရိတ်သတ်တစ်ယောက် ဖြစ်ပါတယ် လို့ သူမ အမြဲ ပြောလေ့ ရှိပါတယ်။ အောင်လရဲ့ ပွဲတိုင်းမှာလဲ VIP တန်းကနေ အမြဲ အားပေးတာကို သူမရဲ့ Facebook မှာ အမြဲ တွေ့ရပါတယ်။
ခုဆိုရင်တော့ သူမက “The AVENUE” ဆိုင်ခွဲဖွင့်ပွဲတစ်ခုကို တက်ရောက်တဲ့ ပုံရိပ်လေးတွေကို သူမရဲ့ Facebookမှာ “Congratulations The AVENUE နောက်ထပ်လဲ ဒီလို ခမ်းနားတဲ့ ဆိုင်ခွဲတွေ အများကြီး ဖွင့်နိုင်ပါစေ 💕” လို့ တင်ပြပေးထားပါတယ်။

လှပကျော့ရှင်းနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ကြည့်လိုက်ရအောင်။

Source; Awn Seng

Leave a Reply

Your email address will not be published. Required fields are marked *