
ဂီတလောကရဲ့ တစ်ခေတ်ပြီး တစ်ခေတ်အောင်မြင်နေတဲ့ ကျားပေါက်ကတော့ အနုပညာဆန်တဲ့ လုပ်ငန်းတွေကိုလဲ လုပ်ကိုင်နေတာဖြစ်တာဖြစ်ပြီး အခုအခါမှာတော့ ဇနီးဖြစ်သူ စုလဲ့ဝင်း (ဇုံဇုံ)နဲ့ တရားဝင်ကွာရှင်းပြတ်ဆဲကြောင်း နို)င်ဘာလ ၁၅ရက်နေ့ ညနေပိုင်းလောက်မှာ သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ အများသိအောင် ကြေငြာခဲ့ပြီး ဇုံဇုံ နဲ့ပတ်သက်သမျှကိုလည်း မမေးမြန်းဖို့လဲ ပြောကြားထားခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးဆက်ဆံရေးကတော့ အရင်လတွေထဲက ပြတ်ဆဲထားတာဖြစ်ပေမယ့်လဲ လူသိရှင်ကြားမဟုတ်ပဲ နှစ်ဦးသဘောတူသာဖြစ်ကာ အခုအခါမှာတော့ လူသိရှင်ကြား ကွာရှင်းပြတ်ဆဲခဲ့ကြတာပဲဖြစ်ပါတယ်။သူတို့ကိုသိကြတဲ့ အသိမိတ်ဆွေများနဲ့ ပရိသတ်များကတော့ သူတို့နှစ်ဦးလမ်းခွဲကြတဲ့အပေါ် ၀မ်းနည်းနေကြတာပဲဖြစ်ပါတယ်။


ဟန်ထူးလွင်(ကျားပေါက်) ဘက်မှ ထိုသို့ကြေငြာပြီးတဲ့ အခါမှာတော့ ဇုံဇုံ ဘက်ကနေ ရင်ဖွင့်စာသားလေးတွေနဲ့အတူတူ သူမရဲ့ လူမှုကွန်ယက်ပေါ်မှာပြန်လည်ရေးသားခဲ့ပါတယ်။ဇုံဟာ အိမ်ထောင်ရှင်မ မပီသဘူးလင်ယောကျာ်း ၀တ္တရားလဲမကျေပွန်ဘူး ကလေးတွေအပေါ်လဲ မိခင်တာဝန်မကျေဘူး အဆိုးဆုံးက ကိုယ့်ယောကျာ်းအပေါ် နားလည်ကူညီ ပံ့ပိုးမှုမရှိဘူး ၁၅နှစ်ဟန်ဆောင်ခဲ့တယ်ပြောဆိုပေမဲ့ ငါတကယ်ချစ်ခဲ့ပါတယ်။နောက်လူနဲ့ နင်စိတ်ချမ်းသာပါစေ ငါ့သမီးတွေနဲ့ ငါရအောင်နေနိုင်တယ် ပျော်ချိင်ရာတွေလုပ်ပါ စိတ်ချမ်းသာသလိုနေပါ ငါ့ကို နင်ရော နင်နဲ့ပတ်သက်တဲ့ သူရောထပ်မနှိပ်စက်ပါနဲ့လို့ ရေးသားထားတာပဲဖြစ်ပါတယ်။

Source ; Su Lei Win Zone Zone