
ပရိသတ်ကြိုက် Rap သီချင်းအလန်းစားတွေ သီဆိုဖျော်ဖြေ ဖန်တီးလေ့ရှိတဲ့ နေဝင်းဟာ အနုပညာအလုပ်ကိုတစိုက်မတ်မတ် လုပ်ကိုင်နေသလို တဖက်မှာလည်း ပရိသတ်တွေလေးစားအားကျတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူ့ရဲ့ ချစ်သူကောင်မလေးဖြစ်တဲ့ ခရီးသွားဘလော့ကာမလေး အိပ်ချစ်ချောကလဲ ပရိတ်သတ်တွေ ချစ်တဲ့ နာမည်ကြီး ဘလော့ကာမလေး ဖြစ်ပါတယ်။ အမြဲ သွက်လက်နေတဲ့ သူမကတော့ ခရီးတွေ သွားနေရရင်ကို ပျော်နေသူလေးပါ။


ခိုင်မာတဲ့ အချစ်ရေးကိုတည်ဆောက်ထားတဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့စုံတွဲဟာ အမြဲလိုလို အတူတူရှိနေပြီး ပွဲတွေကိုလည်း တူတူတက်ရောက်လေ့ရှိပါတယ်။ ဒီတစ်ခါတော့ သူတို့အတွဲဟာ “The Hub Hotel” ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ပုံရိပ်တွေကို မျှဝေခဲ့တာလည်းဖြစ်ပါတယ်။ ဒီပွဲကို နေဝင်းတို့စုံတွဲအပါအဝင် ဘန်နီဖြိုး၊ ဖြိုးလေး၊ ဝါဆိုမိုးဦိးနဲ့ အခြားအနုပညာရှင်တွေ တက်ရောက်ခဲ့ပါတာလည်းဖြစ်ပါတယ်။

ပရိသတ်ကြီးရော ချစ်ဖို့ကောင်းတဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ စုံတွဲကိုအားပေးကြမယ် ထင်ပါတယ်။ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ကြည့်လိုက်ရအောင်။

Source; Travel Kueen