အချစ်ရေးနဲ့ဆုံတွေ့လာရင် လူတိုင်း အားနည်းလာတက်ကြတယ်ဆိုတဲ့ ရွှေအိမ်စည် – Myanmar Hot News
7th June 2023

အချစ်ရေးနဲ့ဆုံတွေ့လာရင် လူတိုင်း အားနည်းလာတက်ကြတယ်ဆိုတဲ့ ရွှေအိမ်စည်

ရွှေအိမ်စည်လေးကတော့ စမတ်ကျပြီး ဖတ်ရှင်ကျလှတဲ့ မော်ဒယ်တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်လောကဘက်ကိုကူးပြောင်း လာပြီး သူမပါဝင်သရုပ်ဆောင် ထားတဲ့ ကြိုးဖုန်းရုပ်ရှင်ဇာတ်ကားကြီးကလဲ ပြသတော့မှာပဲဖြစ်ပါတယ်။သူမကတော့ ဘယ်အချိန်ကြည့်ကြည့် အမြဲလန်းစမ်းတက်ကြွနေတဲ့ အနုပညာရှင်လေးလဲဖြစ်ပါတယ်။

ရွှေအိမ်စည်လေးနဲ့ ခနတာတွေ့တုန်း အချစ်ရေးနဲ့ပတ်သက်ပြီး မေးမြန်ခဲ့တဲ့အခါမှာတော့ နောက်တစ်ခါအချစ်ကို ထပ်ပြီး ခံစားဖို့အချိန်မရှိဘူး အချစ်နဲ့ ထိတွေ့မိတဲ့လူတိုင်း လူတိုင်းကို ပျော့်ညံ့စေတယ် အာ့ကြောင့်အချစ်နဲ့လဲထပ်ပြီး မတွေ့မိချင်ဘူး ပြီးတော့ အလုပ်တွေကအများကြီးလဲ လုပ်ဖို့ရှိသေးတာကြောင့် အချစ်ဆိုတာကြီး ကို မခံစားချင်ဘူး လို့ပြောပြထားပါတယ်။

ရွှေအိမ်စည်က Strong ဖြစ်တဲ့သူမို့ ပျော့ညံ့လာမှာကိုတော့နည်းနည်းလေးစိုးရိမ်တယ် ဒါကြောင့် အချစ်က ကောင်းတာတော့ကောင်းတယ် ကောင်းလဲမကောင်းဘူး မချစ်နဲ့လို့တော့မပြောဘူးပေါ့နော် ကိုယ့်အတွက်တကယ်လိုအပ်ဆိုရင်တော့ကောင်းပါတယ် ရွှေစည်ကတော့ နားလည်ပေးနိုင်တဲ့သူမျိုးကို အခုတွေ့ရင်တောင် လက်တွဲဖို့ အစီအစဉ်မရှိသေးဘူးလို့လဲ သိရပါတယ်။

Source ; 8days Journal

Leave a Reply

Your email address will not be published. Required fields are marked *