Cele News

Customer တွေအတွက် လက်ဝတ်ရတနာ Promotionပွဲ လုပ်ပေးခဲ့တဲ့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်

တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ သရုပ်ဆောင် မင်းသမီး ဇင်ဇင်ဇော်မြင့် ဟာ ဆိုရင် လှပတဲ့ မျက်ဝန်းပိုင်ရှင်လေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူမဟာ Lလွန်းဝါ ရဲ့ “အချစ်မျက်ဝန်း သီချင်း” နဲ့ စတင်ပြီး လူသိများလာခဲ့တာ ဖြစ်ပါတယ်။ ခုချိန်ထိလဲ လှပပြီး အောင်မြင်နေဆဲပါပဲ။ သူမဟာ သူမကို အရမ်းချစ်ပေးတဲ့ ခင်ပွန်းကောင်းကို ရထားပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

သူမပိုင်တဲ့ “ZZ Gems & Jewellery လက်ဝတ်ရတနာဆိုင်ကလည်း တကယ်ကို အောင်မြင်လာခဲ့ပြီ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း အလုပ်တွေအပေါ်၊ မိသားစုအပေါ်ပဲ အာရုံစိုက်နေတဲ့ သူမကတော့ အနုပညာအလုပ်တွေကို မလုပ်ဖြစ်တော့တာကို တွေ့ရပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်တုန်းက ရိုက်ခဲ့တဲ့ “ရာဇဝင် ရိုင်းခဲ့သည်” ဇာတ်ကားကြီးမှာတော့ အပြီအပြင် သရုပ်ဆောင်ခဲ့လို့ ပရိတ်သတ်တွေက တခဲနက် အားပေးခဲ့ကြပါတယ်။

ယနေ့ နိုဝင်ဘာ ၁၆ရက်နေ့မှာတော့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့် ရဲ့ “ZZ Gems & Jewellery” လက်ဝတ်ရတနာဆိုင်ရဲ့ လက်ဝတ်ရတနာ အသစ်ပြပွဲနဲ့အတူ လာဝယ်ယူတဲ့ Customer တွေအတွက် Promotion ပွဲကို ငါးထပ်ကြီးဘုရား လမ်းမပေါ်က “ZZ Gems & Jewellery” လက်ဝတ်ရတနာဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။

ချစရာကောင်းတဲ့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့် တို့ မိသားစုလေး ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ကြရအောင်။

Source; Popular Journal

Leave a Reply

Your email address will not be published. Required fields are marked *