
ကိုရီးယား မြန်မာချစ်ကြည်ရေး အဖြစ် ရိုက်ကူးအသက်သွင်းတဲ့ တိမ်တွေပေါ်ကပန်း ရုပ်ရှင်ဇာတ်ကားကြီး ကိုရိုက်ကူးခဲ့ပြီး ထို ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ ကိုရီးယားမင်းသားနဲ့အတူတူ ၀တ်မှုန်ရွှေရည်ကတော့ ဇာတ်ကားကြီး ရဲ့ အဓိကဇာတ်ဆောင်တွေအဖြစ်သရုပ်ဆောင်ခဲ့ပြီး ကိုရီးယားနိုင်ငံနဲ့ ချင်းတောင်မှာ အဓိကသွားရောက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

ထိုရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတဲ့ အချိန်မှာတော့ တနေကုန်နားရတယ်လို့မရှိဘဲ အစောကြီးထပြီး ရိုက်ကူးရတာကြောင့် ပါဝင်တဲ့ ဇာတ်ကောင်းကာရိုက်တာတွေအားလုံး ပင်ပန်းခဲ့ရကြတယ်။မကစ်ဆို မနက်အစောကြီး ထရတယ် နားရတဲ့ အချိန်လဲသိပ်မရှိဘူး အရမ်းပင်ပန်းနေရင် ဇာတ်ဆောင်ပိုင်းကျသွားမှာလဲ ကျွန်တော် အရမ်းစိုးရိမ်တယ် ဒါမယ့် အကောင်းဆုံးကြိုးစားတယ် ဒီဇာတ်ကားကြီးကိုကြည့်တဲ့အချိန်မှာတော့ ဇာတ်ရုပ်နှစ်ပြီး သရုပ်ဆောင်ထားတဲ့ မကစ်ကိုတွေ့မြင်ရမှာပါ။


မကစ်က အရမ်းလဲဖော်ရွှေတယ် သူနဲ့အလုပ်တွဲလုပ်ရတာ အရမ်းအဆင်ပြေတယ် ဇာတ်ကားကြီးထဲက နန်းမော် ကာရိုက်တာနဲ့လဲ လိုက်ဖက်ပြီး တစ်ထပ်ထဲကျနေတာကို တွေ့ရမှာပါ။တိမ်တွေပေါ်ကပန်း ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသရင်လဲ အားပေးကြပါအုန်းလို့ ဖိတ်ကြားရင်း ကစ်ကလေးနဲ့ပတ်သက်ပြီး ချီကျူးစကားတွေပြောပြထားပါတယ်။

Source ; 8days Journal