ဝိုင်းစုရဲ့ ‘နွားကျောင်းသူ’ Album အသစ်အတွက်ဂုဏ်ပြုဆုတောင်းပေးခဲ့တဲ့ အောင်ထက် – Myanmar Hot News
30th May 2023

ဝိုင်းစုရဲ့ ‘နွားကျောင်းသူ’ Album အသစ်အတွက်ဂုဏ်ပြုဆုတောင်းပေးခဲ့တဲ့ အောင်ထက်

အောင်ထက်ဟာ အိမ်မက်ဆုံရာ အစီအစဉ်ကနေတစ်ဆင့် ကြိုးစားအားထုတ်မှုကြောင့် ပရိသတ်တဖြည်းဖြည်းအားပေးလက်ခံလာတဲ့ အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။ သူရဲ့ကောင်းမွန်တဲ့ အသံနေအသံထားနဲ့အတူ ပရိသတ်ကြိုက်သီချင်းကောင်းများစွာကြောင့်လည်း ပရိသတ်တွေက အားပေးနေကြတာလည်းဖြစ်ပါတယ်။

အခုအခါမှာတော့ အောင်ထက်ဟာ ဝိုင်းစုခိုင်သိန်းရဲ့ album အသစ်ဖြစ်တဲ့ ‘နွားကျောင်းသူ’ album အတွက်သွားရောက်ဂုဏ်ပြုအားပေးခဲ့တာလည်းဖြစ်ပါတယ်။
ဒီ album ဟာ ဝိုင်းစုရဲ့ ၇ ခုမြောက် album ဖြစ်ပြီး ထို album အတွက်ကို အောင်ထက် က ‘ Congratulations မဝိုင်းစု နွားကျောင်းသူ အခွေထဲကသီချင်းတွေနဲ့အတူ ဆက်လက်အောင်မြင်ပါစေဗျို့’ ဆိုပြီး သွားရောက်အားပေး ဂုဏ်ပြုခဲ့တာလည်းဖြစ်ပါတယ်။

အောင်ထက်ဟာလက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုကို ဆက်တိုက်လုပ်ကိုင်နေသူဖြစ်ပြီး လက်ရှိမှာတော့ သူရဲ့ သီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ သဘာဝနဲ့တွေ့ဆုံခြင်း သီချင်းကိုရိုက်ကူးနေတာလည်းဖြစ်ပါတယ်။
ပရိသတ်ကြီး‌ရော အောင်ထက်နဲ့ ဝိုင်းစုတို့ရဲ့ သီချင်းတွေကိုအားပေးလိုက်ကြရအောင်နော်။

Source; Aung Htet

Leave a Reply

Your email address will not be published. Required fields are marked *