မေမြင့်မိုရ်ကိုချစ်လွန်းလို့ လက်ကိုဓားနဲ့ခြစ်ပြီး နာမည်ရေးပြခဲ့တဲ့ ပရိသတ်တစ်ဦး – Myanmar Hot News
30th May 2023

မေမြင့်မိုရ်ကိုချစ်လွန်းလို့ လက်ကိုဓားနဲ့ခြစ်ပြီး နာမည်ရေးပြခဲ့တဲ့ ပရိသတ်တစ်ဦး

နိုင်ငံကျော် မင်းသမီးချောလေး မေမြင့်မိုရ်က ရှင်းလင်းပြေပြစ်တဲ့ မျက်နှာလေးနဲ့ အရမ်းလှနေတာကြောင့် ယောကျာ်းလေး ပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေပါ အားပေးချစ်ခင်ကြတာ ဖြစ်ပါတယ်။ မေမြင့်မိုရ်က သူမရဲ့ ပထမဆုံးဇာတ်လမ်းတွဲဖြစ်တဲ့ “ပန်းနုသွေး” ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုတွေရရှိခဲ့ပြီး နောက်ပိုင်းမှာလည်း ပရိသတ်တွေရဲ့အချစ်တွေကို ဆက်တိုက်ဆိုသလို ရရှိနေတာပဲ ဖြစ်ပါတယ်။

တစ်နေ့တစ်ခြား အောင်မြင်မှုတွေ ရရှိလာတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်ကို ပရိသတ်တွေကလည်း ပိုပိုပြီး အားပေးချစ်ခင်လာကြပါတယ်။ ဒီတစ်ခေါက်မှာလည်း မေမြင့်မိုရ်က သူမရဲ့ ပရိသတ်တစ်ဦးကြောင့် ဝမ်းနည်းဝမ်းသာ ဖြစ်ခဲ့ရပါတယ်။ မေမြင့်မိုရ်ကို အရူးအမူးချစ်လွန်းတဲ့ ပရိသတ်တစ်ယောက်က သူ့ရဲ့လက်မှာ မေမြင့်မိုရ်ရဲ့ နာမည်ကို ဓားနဲ့ခြစ်ပြီး သူဘယ်လောက် အားပေးကြောင်း သက်သေပြခဲ့တာပဲ ဖြစ်ပါတယ်။

မေမြင့်မိုရ်က ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုရရှိလာပြီးတဲ့နောက်မှာတော့ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဝါရင့်သရုပ်ဆောင်တွေနဲ့အပြိုင် သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။

မေမြင့်မိုရ်တစ်ယောက် သူမကိုချစ်တဲ့ ပရိသတ်တွေကြောင့် ဝမ်းနည်းဝမ်းသာဖြစ်နေရမှာပဲ ဖြစ်ပါတယ်။

Source; May Myint Mo

Leave a Reply

Your email address will not be published. Required fields are marked *