ယူနက်စကို စာရင်းဝင် World Heritage ကို သွားလည်ခဲ့တဲ့ စမိုင်းလ် – Myanmar Hot News
2nd June 2023

ယူနက်စကို စာရင်းဝင် World Heritage ကို သွားလည်ခဲ့တဲ့ စမိုင်းလ်

စိတ်ထားကောင်းပြီး၊ အနေအထိုင် ပွင့်လင်းတာကြောင့် ပရိသတ် တွေရဲ့အချစ် ကို ရရှိထားတဲ့ စမိုင်းလ် ကတော့ လက်ရှိမှာ ချစ်ရတဲ့ မိသားစုနဲ့အတူ သာယာပျော်ရွှင်တဲ့ ဘဝလေးကို ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ အမြဲလိုလိုလည်း မိသားစုနဲ့ ခရီးတွေ ထွက်လေ့ရှိတဲ့ စမိုင်းလ်က လတ်တလောမှာ နိုင်ငံခြားသို့ ခရီးထွက်နေတာဖြစ်ပြီး ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် World Heritage ကို သွားလည်ခဲ့တာ တွေ့ရပါတယ်။ ခရီးသွားနေရရင်ကို ပျော်နေတဲ့ စမိုင်းလ်ရဲ့ပုံရိပ်တွေကတော့ အရမ်းကို လန်းဆန်းနေတာပါနော်။

ချစ်ပရိသတ်တွေအတွက် အရမ်းကို ပျော်စရာကောင်းတဲ့ စမိုင်းလ်ရဲ့ခရီးသွား ပုံရိပ်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။
စမိုင်းလ်ကတော့ “သူတို့ဆီက ယူနက်စကိုစာရင်းဝင် World Heritage ကလည်းက်ုယ်တွေပုဂံရဲ့ဘုရားတစ်ဆူစာလေး.. ဒါလေးကိုပိုက်ဆံယူပြီးသေချာနိုင်ငံခြားသားတွေအတွက်လုပ်ထားတာ ..Myanmar is better စကားမစပ်ဒါနောက်တစ်မျိုးရိုးရာအကျီတဲ့လှလား” ဆိုပြီး အရမ်းပျော်နေတဲ့ သူမရဲ့ခရီးသွားပုံရိပ်တစ်ချို့ကို Facebookမှာ ဝေမျှပေးထားတာပါ။

သူမကို ဓါတ်ပုံလှလှလေးတွေ အမြဲရိုက်ပေးတဲ့ ခင်ပွန်းကြောင့်လည်း စမိုင်းလ်တစ်ယောက် ဘယ်နေရာရောက်ရောက် အလှပုံရိပ်လေးတွေ ပရိသတ်ကို ဝေမျှပေးနိုင်တာပဲ ဖြစ်ပါတယ်။ အလှူအတန်းဆိုရင်လည်း အတိုင်အဖောက်ညီလွန်းတဲ့ စမိုင်းလ်တိုမိသားစုကတော့ အမြဲလိုလို အလှူရေစက် လက်နဲ့မကွာတာကိုလည်း တွေ့ရပါတယ်။ လက်ရှိမှာတော့ စမိုင်းလ်တို့ဇနီးမောင်နှံက အရမ်းကိုချစ်စရာကောင်းတဲ့ မီးမီးလေးနှစ်ဦးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေလည်း ခရီးတွေသွားရင်း ပျော်နေတဲ့ စမိုင်းလ်ကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Source; Samile

Leave a Reply

Your email address will not be published. Required fields are marked *