
အရမ်းချစ်စရာကောင်းပြီး စိတ်ထားကောင်းတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ဝါသနာပါရာ အနုပညာအလုပ်တွေလုပ်ရင်း သာယာတဲ့ အိမ်ထောင်ရေးကို ပုံဖော်နေတာပါ။ လတ်တလောမှာတော့ ပိုင်ဖြိုးသုက ကလေးဆန်ဆန်ဖက်ရှင်လေးနဲ့ ပွဲတက်ဖြစ်ခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို Facebookမှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အရောင်စုံအကျီင်္လေးနဲ့ ဂျင်းစကတ်လေးဝတ်ပြီး ဖက်ရှင်ကျကျ ပွဲတက်ခဲ့တဲ့ ပိုင်ဖြိုးသုရဲ့ပုံရိပ်တွေကတော့ အရမ်းကို ချစ်ဖို့ကောင်းလွန်းနေတာပါနော်။


ပိုင်ဖြိုးသုကတော့ “အိုင်သိပ်လူကြီးဆန်သွားပြီ….😎 သက်တူရွယ်တူတွေနဲ့ပဲ ပေါင်းတော့တာသာကြည့်……😎” ဆိုပြီး ကလေးတွေနဲ့ ပျော်နေတဲ့ သူမရဲ့ပုံရိပ်တွေကို Facebookမှာ ဝေမျှပေးထားတာပါ။ ပိုင်ဖြိုးသုရဲ့ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးကတော့ အလုပ်ကိစ္စနဲ့ ကိုရီးယားရောက်နေတာကြောင့် သုသုလေးတစ်ယောက်တည်း ပွဲတက်လာတာပါနော်။
ချစ်ပရိသတ်တွေအတွက် ကလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့ အပြုံးလေးတွေနဲ့ ဖမ်းစားလိုက်တဲ့ ချစ်စရာမင်းသမီးလေး ပိုင်ဖြိုးသုရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အနုပညာကို အရမ်း ချစ်မြတ်နိုးတဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံနှစ်ဦးကတော့ ချစ်ရတဲ့အနုပညာအလုပ်တွေလုပ်ရင်း သာယာပျော်ရွင်တဲ့ အိမ်ထောင်မှုဘဝလေးကို ဖန်တီးပုံဖော်ထားတာပါ၊ သုသု အဓိက သရုပ်ဆောင်ထားတဲ့ “Now and Ever” ရုပ်ရှင်ဇာတ်ကားကြီးကလည်း လတ်တလော ပရိသတ်တွေရဲ့ အားပေးနှစ်ခြိုက်ခြင်းကို အပြည့်အဝရရှိနေတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ချစ်ပရိသတ်တွေလည်း အရမ်းချစ်ဖို့ကောင်းတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Source; Paing Phyo Thu