25th October 2020

အောန်ဆိုင်းကို မိန်းကလေးချင်းကြွေရတယ်လို့ပြောလိုက်တဲ့ နေခြည်ဦး

နေခြည်ဦးကတော့ နာမည်ကြီး Beauty Blogger တစ်ယောက်ဖြစ်သလို ရုပ်ရှင်သရုပ်ဆောင်နဲ့စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။သွက်လက်ထက်မြက်ပြီး အချိန်တိုင်းအောင်မြင်မှုအရှိန်မြင့်လာသူတစ်ယောက်ပါ။ခြည်ခြည်ဟာ အလုပ်နှစ်ခု သုံးခုကိုတစ်ပြိုင်တည်းလုပ်နေပြီး ၀၀ကစ်ကစ်ကိုယ်လုံးလေးကိုလည်း ကျစ်လစ်လှပလာအောင်ကြိုးစားနေတာလည်းဖြစ်ပါတယ်။

အရင်တုန်းက (၁၄၅) ပေါင်လောက်ရှိပေမဲ့ အခုဆိုရင် ပေါင် (၁၂၀) ရှိနေပြီး (၂၅) ပေါင်လောက်ကျသွားတာလည်းဖြစ်ပါတယ်။ဒါ့အပြင် ဓာတ်ပုံထဲမှာပြုပြင်လိုက်ရင် ပိုလှသွားပေမဲ့အပြင်မှာလည်း ကျစ်ကျစ်လစ်လစ်နဲ့လှတဲ့ကိုယ်လုံးမျိုးရှိနေချင်သူတစ်ယောက်ဖြစ်ပါတယ်။။မြန်မာနိုင်ငံရဲ့စူပါမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ အောန်ဆိုင်းရဲ့ကိုယ်ခန္ဓာဟာကျစ်လစ်ပြီးအချိုးအစားလှတာကြောင့် နာမည်ကြီးလှသူပါ။

နေခြည်ဦးကတော့ အောန်ဆိုင်းရဲ့အမိုက်စားဘော်ဒီကို အားကျနေတာလည်းဖြစ်ပါတယ်။အဲ့ဒီအကြောင်းကို”မိန်းကလေးချင်းကြွေတဲ့အထဲမှာမအောန်ဆိုင်းလည်းပါတယ်။တကယ်လည်း Gym ဆော့တယ်။တကယ်လည်း Exercise လုပ်တယ်။Diet လုပ်တယ်။ မြန်မာနိုင်ငံရဲ့မော်ဒယ်လ်တွေထဲမှာ fitness ပိုင်းရော ရုပ်ပိုင်းဆိုင်ရာရော မော်ဒယ်လ်ပိုင်းမှာရော နေခြည်အရမ်းအားကျရတဲ့သူတစ်ယောက်ပါ” ဆိုပြီး ပြောခဲ့ပါသေးတယ်။ဇာတ်ကားတစ်ခုအတွက်လည်း ဒီထက်ပိုပြီးကျစ်လစ်လာအောင်ကြိုးစားမယ်လို့လည်းဆိုပါသေးတယ်။နေခြည်တစ်ယောက်ကို အမိုက်စားဘော်ဒီနဲ့မကြာခင်တွေ့ရတော့မယ်ထင်ပါရဲ့နော်…။

Source ;Myanmar Celebrity TV

Leave a Reply

Your email address will not be published. Required fields are marked *