
ပရိတ်သတ်တွေရဲ့ အားပေးမှု ကိုအပြည့်အဝရှိထားတဲ့ နေခြည်ဦး ဟာ beauty bloggerအဖြစ်နဲ့ နာမည်ကြီးရုံသာမက လက်ရှိမှာ မင်းသမီးသမီး တစ်လက်ဖြစ်နဲ့ပါရပ်တည်နေပြီဖြစ်ပါတယ်။

အရာရာကိုကြိုးစားလုပ်ကိုင်တတ်တဲ့နေခြည်ဟာ စီးပွားရေးဘက်မှာ ရော အောင်မြင်မှုတွေ ရရှိထားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

နေခြည်ဦးက 7th Sense Creation မှ ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကား နှစ်ကား နဲ့အတူ အိပ်မက်တွေမိုးထားတဲ့အိမ် ရုပ်သံဇာတ်လမ်းတွဲကို မိုရီဆာကီဝင်းတို့နဲ့အတူရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် ဒေါင်းနဲ့လည်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေး လုပ်နေတာပါ။

လက်ရှိမှာတော့ Paris fashion week 2019 အတွက် ပဲရစ်ကို ရောက်ရှိနေတာဖြစ်ပြီး သူမရဲ့ နေ့စဉ်လှုပ်ရှားမှုအားလုံးကိုပရိတ်သတ်ကိုချပြလေ့၌ှိသူပါ။

ဒီနေ့မှာတော့ နေခြည်ဦးက ပဲရစ်မြို့ရဲ့ မနက်ခင်းလေးမှာ စွဲဆောင်မှုရှိတဲ့ ဝတ်စုံလေးနဲ့ သူမရဲ့ပုံရိပ်တွေကိညတင်ထားခဲ့ပါတယ်။ အမြဲလိုလို စတိုင်ကျကျနဲ့ လှပနေတတ်ပေမယ့် ဒီတစ်ခါမှာတော့ နေခြည်က sexyဆန်ဆန်နဲ့ တကယ့်ကိုလှပနေတာပါ။ သူမရဲ့ ကိုယ်အလေးချိန်ကိုသေချာလေး ပြန်ထိန်းထားခဲ့ပြီး နေ့မနားညမအားလုပ်ခဲ့တဲ့ လေ့ကျင်ခန်းတွေကြောင့် ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ် ကိုပရိတ်သတ်တွေ ချပြနိုင်ခဲ့တာဘဲဖြစ်ပါတယ်။ပရိတ်သတ်တွေအတွက် နေခြည်ရဲ့ ညို့အားပြင်းတဲ့ ပုံလေးတွေကိုဖော်ပြလိုက်ပါတယ်။
Source Nay chi oo’s fb