Harley Quinn ပုံစံနဲ့ မမှတ်မိလောက်တော့အောင်ပြောင်းလဲသွားတဲ့ ဘီလီလမင်းအေး – Myanmar Hot News
2nd June 2023

Harley Quinn ပုံစံနဲ့ မမှတ်မိလောက်တော့အောင်ပြောင်းလဲသွားတဲ့ ဘီလီလမင်းအေး

Myanmar Idol အစီအစဉ်မှ အသံချိုချိုအေးအေးလေးနဲ့ ပရိသတ်တွေ ရင်ထဲကိုရောက်ရှိခဲ့တဲ့ ဘီလီလမင်းအေးကတော့ အပြုံးချိုချိုလေးနဲ့ အမြဲလန်းစမ်းတက်ကြွပြီး ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ဖက်ရှင်ဒီဇိုင်းပြောင်းလဲလိုက်တာနဲ့ ပရိသတ်တွေမမှတ်မိလောက်အောင် ပြောင်းလဲတက်တဲ့ဂီတအနုပညာရှင်လေးလဲဖြစ်ပါတယ်။

အခုအခါမှာတော့ သီချင်းရဲ့ ကာဗာ ဓါတ်ပုံလေးကိုတော့ Harley Quinn ရဲ့ပုံစံလေးနဲ့ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ထိုဓါတ်ပုံလေးထွက်ပေါ်ခဲ့ချိန်မှာတော့ ပရိသတ်တွေက ဘယ်သူလဲလို့ပြန်မေးရလောက်အောင် အမြင်လွဲမှားစေခဲ့ပါတယ်။ကာဗာ ဓါတ်ပုံ‌ရိုက်ကူးခဲ့တဲ့ သီချင်းလေးကတော့ မီနိုနဲ့ အတူတူ ဖန်တီးထားတဲ့ ကိုကိုလူပြတ်ဆိုတဲ့ သီချင်းလေးအတွက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Harley Quinn ပုံစံနဲ့တွေ့မြင်ရမယ့် ဘီလီကတော့ လိမ္မာတဲ့ Harley လေးပါလို့လဲပြောပြခဲ့ပါတယ်။ သီချင်းလေးကတော့ ပြောင်ချော်ချော်လုပ်တက်တဲ့ချစ်သူရည်းစားလေးအကြောင်းသီဆိုထားတာပဲဖြစ်ပါတယ်။မီနိုနဲ့ ဘီလီတို့ ပေါင်းစပ်ဖန်တီးထားတာဖြစ်ပြီး မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ သီချင်းလေးလဲဖြစ်ပါတယ်။ နောက်လကျရင်လဲ သီချင်းအသစ်တစ်ပုဒ် ထပ်မံ ဖန်တီးဖို့ရှိတယ်လို့လဲသိရပါတယ်။

Source ; MC

Leave a Reply

Your email address will not be published. Required fields are marked *