Cele News

အမေရိကားကနေ နေအိမ်ကိုပြန်လာဖို့ခက်ခဲတာကြောင့် မိသားစုနဲ့ နှစ်လလောက်ခွဲခဲ့ရတယ်ဆိုတဲ့ ဆုပန်ထွာ

မိသားစုကိုချစ်ခင်ပြီး အနုပညာလုပ်ငန်းတွေကို အဆက်မပြတ်လုပ်ဆောင်နေတဲ့ အနုပညာရှင် ဆုပန်ထွာကတော့ မကြာသေးခင်ကမှ အမေရိကား ကိုမိသားစုမပါဘဲ အလုပ်ကိစ္စနဲ့ရောက်ရှိခဲ့တာဖြစ်ပြီး Green Card ပျောက်သွားတာကြောင့် နေရပ်မြန်မာပြည်သို့ပြန်လာဖို့ခက်ခဲ‌ဖြစ်ကာ ၂လလောက်ကြာအောင် မိသားစုနဲ့ခွဲနေခဲ့ရတာပဲဖြစ်ပါတယ်။

မိသားစုမပါပေမယ့်လဲ ဟိုမှာကအမျိုးသားဘက်က အမျိုး‌တွေရှိတယ်။ သူတို့က ပန့်ကိုအရမ်းဂရုစိုက်ကြတယ် အရမ်းမစိုးရိမ်ဖို့နဲ့ ပြန်ဖို့အကုန်လုံးကိုလိုက်လုပ်ပေးတယ်။မရောက်ဘူးသေးတဲ့နေရာတွေကိုလိုက်ပို့ပြီး ပေါ့ပေါ့ပါးပါးပဲ နေခိုင်းတယ်
တခါတလေတော့ ကိုယ်ကို့ချစ်ရတယ့်သူတွေရှိတာ အရမ်းကံကောင်းတယ်လို့ အခက်အခဲကြုံလာတော့မှ ပိုသ်နိုင်တယ် လို့ပြောပြခဲ့တယ်။

သားလေးကတော့ အမေဖြစ်သူကိုမတွေ့ရတော့ ညဘက်ကျရင်အရမ်းငိုတယ်။အစပိုင်းကတော့ ကလေးငိုရင် ဖုန်းဆက်ပြီးချော့တယ် နောက်ပိုင်းမတွေ့တာများလာတော့ အရမ်းငိုလာတော့ ဖုန်းဆက်တိုင်း သူ့ငိုသံကြားရင် ကိုယ်ကပါဒီဘက်ကငို ဘေးကလူတွေကပါရောငိုကုန်ရော နောက်တော့မှသေချာနားလည်အောင်ရှင်းပြပြီးတော့ထားရတာပေါ့ သာလေးကလည်းနားလည်တဲ့အရွယ်ရောက်နေပြီလေ လို့သိရပါတယ်။

Source ; 7days Journal

Leave a Reply

Your email address will not be published. Required fields are marked *