22nd October 2020

ချစ်ရတဲ့ တူလေးနှစ်ယောက်နဲ့ မွေးနေ့ပွဲလေး ကျင်းပခဲ့တဲ့ နန်းဆုရတီစိုး

အဆို​တော်​မ​လေး နန်းဆုရတီစိုးက​တော့ ချစ်​စရာ​ကောင်းတဲ့ အသံ​လေးနဲ့ တက်​တက်​ကြွကြွရှိလွန်းတဲ့ သူမရဲ့အပြုအမူ​တွေ​ကြောင့်​ပရိသတ်​တွေရဲ့ ချစ်​ခင်​အား​ပေးမှုကို အပြည့်​အဝ ပိုင်​ဆိုင်​ထားသူ​လေးပါ။ မိသားစုကိုလည်း အရမ်းချစ်တဲ့ နန်းဆုလေးကတော့ လတ်တလောမှာ အရမ်းချစ်ရတဲ့ တူလေးနှစ်ယောက်နဲ့အတူ မွေးနေ့ပွဲလေး ကျင်းပခဲ့တဲ့ သူမရဲ့ပုံရိပ်လေးတွေကို Facebookမှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ကလေးတွေနဲ့အပြိုင် မွေးနေ့ကိတ်ခွဲရင်း ပျော်ပျော်ကြီး စားသောက်နေတဲ့ တီတီ နန်းဆုကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။

နန်းဆုလေးကတော့ “သူတို့မွေးနေ့တုန်းက ကိုယ်မရှိလို့ ကိုယ်ရှိတဲ့အချိန်ထိစောင့် တီတီဆုနဲ့ကိတ်တူတူခွဲပြီး တီတီဆုအတွက်သီးသန့် မွေးနေ့ ပြန်လုပ်တာတဲ့ Happy Birthday ပါ အသဲတုန်းအမွှာလေးတွေရေ………အရမ်းလိမ္မာယဉ်ကျေးပြီးဉာဏ်ပညာထူးချွန်တဲ့ သူတွေမို့ အများကြီးဆုတောင်းပေးစရာမရှိ တီတီဆုကို ဒီထက်မကချစ် ဒီထက်မကချွဲ ဒီထက်မက ဂျီကျနိုင်ပါစေ 😍ဒါမှ ငါလည်းယောကျာ်းမရမှာ 😂😂😂😅HappyBirthday Thu Thu & Tha Tha 😍🎊👏❤️” ဆိုပြီး တူလေးတွေရဲ့မွေးနေ့နဲ့ သူမရဲ့မွေးနေ့ကို ပေါင်းပြီး မွေးနေ့လေးလုပ်ခဲ့တဲ့ ပုံရိပ်တွေကို Facebookမှာ ဝေမျှပေးထားတာပါ။

အဆိုတော် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ လတ်တလောမှာ သီချင်းသစ်တွေ ဖန်တီးဖြစ်နေပြီး၊ ပရိသတ်တွေကို အသစ်အသစ်သော အနုပညာတွေချပြဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်စရာကောင်းတဲ့ တီတီနန်းဆုနဲ့ တူလေးနှစ်ယောက်ကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Source; Nan Su Yati Soe

Leave a Reply

Your email address will not be published. Required fields are marked *