
ယောကျာ်းလေးပရိသတ်တိုင်း ကြိုက်နှစ်သက်ကြတဲ့ မင်းသမီးချောလေး အေးဝတ်ရည်သောင်းက အနုပညာလောကမှာ နှစ်ပေါင်းများစွာ အောင်မြင်နေသူတစ်ဦးပါပဲ။ အေးဝတ်ရည်သောင်းက ရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ဆွဲဆောင်မှုအပြည့်နဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကလည်း ပရိသတ်တွေကို ဖမ်းစားထားနိုင်တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အေးဝတ်ရည်သောင်းက မအေးသောင်းရယ်လို့ ပရိသတ်တွေကြားထဲမှာ ထင်ပေါ်နေတာပဲ ဖြစ်ပါတယ်။

မြန်မာဝတ်စုံလေး ဝတ်လိုက်ရင် ကျက်သရေရှိပြီး နန်းဆန်လွန်းတဲ့ မင်းသမီးချောလေး အေးဝတ်ရည်သောင်းက ဒီတစ်ခေါက်မှာလည်း သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးထားပါတယ်။ ပရိသတ်တွေအတွက် အေးဝတ်ရည်သောင်းရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အေးဝတ်ရည်သောင်းက “လွမ်းမနေအားပါဘူး။ လောကဒါဏ်ဆိုတာတွေက မင်းမရှိတဲ့အချိန် လွမ်းတာလောက်ကို စာမဖွဲ့ခိုင်းဘူး။ အချစ်လို့ ခဏခဏအော်ဖို့ ဘဝဆိုတာကလည်း ခဏခဏ အားချိန်ပေးမနေပြန်ဘူး။ အလွယ်ဆုံးစိတ်ကူးတွေကို လက်တွေ့ချပြရတာ သိပ်ခက်လွန်းလို့ မင်းနဲ့နီးစပ်ဖို့တောင် မကြိုးစားမိဘူး။” ဆိုတဲ့ ကဗျာလေးပါ ရေးသားပြီး ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းက လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကိုလုပ်ကိုင်ရင်း ပွဲအခမ်းအနားတွေကိုပါ တက်ရောက်ပေးနေတာပဲ ဖြစ်ပါတယ်။ အပျိုကြီး အေးဝတ်ရည်သောင်းကတော့ ဘယ်အချိန်ကြည့်ကြည့် အရမ်းလှပြီး ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အေးဝတ်ရည်သောင်းရဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

Source; Aye Thaung