Cele News

အမြန်လမ်း ၈၅ မိုင်မှာ သံဃာတော်တွေစီးလာတဲ့ကား Accidents ဖြစ်လို့ နီးစပ်ရာ ဆေးရုံကို ပို့ပေးခဲ့တယ် ဆိုတဲ့ မေမဒီ

Myanmar Idol Season 3 ပြိုင်ပွဲဝင်မေမဒီဟာဆိုရင် အသံချိုချိုလေးနဲ့ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့်လည်း သူ့ကိုချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ မေမဒီက ခုဆိုရင် အဆိုတော်တစ်ဦးအနေနဲ့ ရပ်တည်နေပြီး ကိုယ်ပိုင် သီချင်းလေးတွေကိုပါဖန်တီးနေသူပါ။ဒီနေ့လေးကတော့ မေမဒီ က အမြန်လမ်း ၈၅ မိုင်မှာ သံဃာတော်တွေစီးလာတဲ့ကား Accidents ဖြစ်လို့ နီးစပ်ရာ ဆေးရုံကို ပို့ပေးခဲ့တယ် ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

မေမဒီက ရန်ကုန် မန္တလေးအမြန်လမ်း ၈၅ မိုင်မှာ သူမကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို သူမရဲ့ Facebookပေါ်မှာ ခုလိုပြောထားပါတယ်။ မေမဒီ က ” ဒီနေ့ ရန်ကုန် မန္တလေး အမြန်လမ်း ၈၅ မိုင်မှာသံဃာတော်တွေစီးလာတဲ့ကား Accidents ဖြစ်လို့ နီးရာ ဆေးရုံပို့ပေးခဲ့ရပါတယ် ဘယ်သွားသွား ကားကိုသေချာစစ်ကြပါ😔ကံကောင်းလို့ပေါ့ ဦးလေးတစ်ယောက်နဲ့ ဘုန်းဘုန်းတစ်ပါးပဲခေါင်းပေါက်တာ ဘုန်းဘုန်းကတော့ တော်တော်သွေးထွက်နေတာ😥အများကြီးမဖြစ်ကြလို့ကံကောင်းတယ်🙏🙏” ဆိုပြီး ပြောထားပါတယ်။

စိတ်ထားဖြူစင်တဲ့ မေမဒီလေး ဒီထက်မက ပိုအောင်မြင်တဲ့ အဆိုတော်ကောင်းတစ်ယောက် ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source; May Madi

Leave a Reply

Your email address will not be published. Required fields are marked *