29th November 2020

အပြုံးချိုချိုလေး နဲ့ ပရိသတ်တွေကို ဖမ်းစားထားတဲ့ ယွန်းယွန်း ရဲ့ ချစ်စရာပုံရိပ်

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး ယွန်းယွန်း ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်မလေးပါ။ သူမက ကလေး သရုပ်ဆောင် လုပ်စဉ်အချိန်တည်းက ခုအချိန်ထိ ပရိသတ်တွေ ချစ်ခင်အားပေးခြင်း ခံထားရသူလေးပါ။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီးကို ယွန်းယွန်း ရဲ့ ချစ်စရာ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ယွန်းယွန်း က လက်ရှိမှာ အနုပညာအလုပ်အနေနဲ့ ပွဲများတက်ဖြစ်နေပြီး ကျောင်းမပြီးသေးတာကြောင့် သရုပ်ဆောင်အလုပ်ကိုနားထားတာပါ။ ယွန်းယွန်းက ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ ပုံလေးတွေကို ချစ်တဲ့ ပရိသတ်တွေအတွက် ဖော်ပြထားတာပဲဖြစ်ပါတယ်။ မြင်သူတကာ ငေးရလောက်တဲ့ အလှတွေနဲ့ ဂါဝန်ရှည်ကြီးကြောင့် အရမ်းကို ပေါ်လွင်နေတဲ့ သူမရဲ့ အလှကို မြင်ရပါတယ်။

သူမရဲ့ Facebook စာမျက်နှာမှာတော့ ” Shine with ur own light ✨💫” ဆိုပြီး လှပတဲ့ ဂါဝန်ရှည်နဲ့ လွင့်နေတဲ့ ပုံတွေကို တင်ပေးခဲ့တာပါ။ သူမရဲ့ ပုံအလန်းတွေကို ရိုက်ပေးတဲ့ သူကတော့ ဓာတ်ပုံဆရာ Ko Bhone ပဲ ဖြစ်ပါတယ်။
ချစ်စရာကောင်းတဲ့ ယွန်းယွန်း ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျကြမှာပါ။ သဘောကျရင် Share သွားကြဖို့လဲ မမေ့ကြပါနဲ့အုံးနော်။

Source ;Yoon Yoon

Leave a Reply

Your email address will not be published. Required fields are marked *