
အေးချမ်းပြီး တည်ငြိမ်ရင့်ကျက်လွန်းတဲ့ မင်းသမီးလေး ပိုးကြာဖြူခင်က MRTV 4 ဇာတ်လမ်းတွဲတွေမှတဆင့် အောင်မြင်မှု ရရှိလာတာ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်ရဲ့ အနေအေးပြီး တည်ငြိမ်လွန်းတဲ့ အနေအထိုင်၊ အမူအယာလေးတွေကလည်း ပရိသတ်တွေကို ဖမ်းစားထားနိုင်တာပဲ ဖြစ်ပါတယ်။ သူမကတော့ ပရိတ်သတ်တွေ အများက သိကြတဲ့ ဆိုင်းမိုင်လေးဆိုလဲ မမှားပါဘူး။


ပိုးကြာဖြူခင်က ဒီနေ့မှာတော့ မန္တလေးမြို့ကို ရောက်ရှိနေတဲ့ သူမရဲ့ ပုံရိပ်အချို့ကို ပရိသတ်တွေဆီ မျှဝေပေးထားပါတယ်။ ပရိသတ်တွေအတွက် ပိုးကြာဖြူခင်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပိုးကြာဖြူခင်ကတော့ ရှုတင် နေပူပူကြီးထဲမှာတောင် တောက်ပတဲ့ အပြုံးလေးတွေနဲ့ လှနေတာကို တွေ့မြင်ရပါတယ်။

ပိုးကြာဖြူခင်က လတ်တလောမှာ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေသလို ကြောငြာတွေ၊ သီချင်း MV တွေကိုလည်း လက်မလည်အောင် ရိုက်ကူးနေရတဲ့ မင်းသမီးလေးတစ်ပါးပဲ ဖြစ်ပါတယ်။
ပိုးကြာဖြူခင်က ပန်းဆီရောင်မြန်မာဝတ်စုံလေးနဲ့ အရမ်းလှတာပဲနော်။ ပရိသတ်ကြီးလည်း ပိုးကြာဖြူခင်ရဲ့ ကျက်သရေရှိတဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။

Source; Poe Kyar Phyu Khin