22nd October 2020

အခန်းကျဉ်းလေးမှာ ကွန်ပျူတာအစုတ်လေးနဲ့ စခဲ့ရာမှ ခုဆိုရင် နိုင်ငံတကာမှာ ရုံးခန်းများဖွင့်နိုင်ပြီ ဖြစ်တဲ့ စမိုင်းတို့ ဇနီးမောင်နှံ

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီး စမိုင်လ်းဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမက ချစ်စရာကောင်းတဲ့ မိသားစုနဲ့အတူ ဘဝကိုပျော်ရွှင်အေးချမ်းစွာဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ စမိုင်းလ် တို့ ဇနီးမောင်နှံ က အခန်းကျဉ်ကျဉ်လေးမှာ ကွန်ပျူတာအစုတ်လေးနဲ့ စခဲ့ရာမှ ခုဆိုရင် နိုင်ငံတကာမှာ ရုံးခန်းများဖွင့်နိုင်ပြီ ဆိုတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

စမိုင်းလ် တို့ဇနီးမောင်နှံ က သူမတို့ရဲ့ VMG Campany ကြီး ရဲ့ နိုင်ငံခြား ရုံးခွဲများစွာ ဖွင့်ထားနိုင်ပြီဖြစ်ကြောင်း စမိုင်းလ် ခင်ပွန်းက ခုလို ပြောထားပါတယ်။ ” ကျွန်တော်တို့ VMG ရဲ့ရုံးခန်းများ။ Jaipur မှာ ၄၈ ယောက်။ Chennai မှာ ၁၆၃ ယောက်။ Dhaka မှာ ၃၂ယောက်။ Yangon မှာ ၁၅ယောက်။ USA မှာ ၁ယောက်။ အားလုံးပေါင်း ၂၅၉ ယောက်။ VMG ကို London ကအိပ်ခန်းကျင်းကျင်းလေး ထဲမှာ ၂ယောက်သား computer အစုတ်လေးတစ်လုံးနဲ့စလာကြတာပါ။ ဒီရုံးတွေဖွင့်ထားတာ ၃နှစ်လောက်ရှိပြီ၊ အခုမှကိုယ်တိုင်ရောက်တော့ပီတိဖြစ်ရပါတယ်။ ” ဆိုပြီး ခုလို ပြောထားပါတယ်။

စမိုင်းလ် ကလည်း ” VMG India နဲ့ VMG Bangladesh ရုံးခန်းများသွားရောက်လေ့လာ..
ဒီနေ့ Bangladesh မှာတော့သေချာစီစဉ်ပြီးကျမတို့အတွက် welcome party လေးလုပ်ပေးပြီး အစားအသောက်တွေကိုယ်တိုင်ချက်ပြီးယူလာစေကာကျမတို့ကိုသုံးဆောင်ခိုင်းတယ်။ အပြန်အလှန်လက်ဆောင်တွေပေး ဂိမ်းတွေကစားကြနဲ့ပြန်ခါနီးကျမကိုဝိုင်းဖက်ကြတော့ ငိုတောင်ငိုချင်တယ် 😰 တစ်ခါမှမတွေ့ဘူးပေမဲ့အရမ်းရင်းနီးသလိုဂရုစိုက်ကြတယ်။ နောက်နှစ်တွေလုပ်ငန်းတွေဒီထက်ချဲ့နိုင်အောင်ကြိုးစားပြီး ကိုယ့်ရဲဘော်တွေကိုဒီထက်ပိုပျော်အောင်လုပ်ပေးပါမယ် 🙏🏼” ဆိုပြီး ပြောထားပါတယ် ။

စမိုင်းလ် တို့ က လူတွေအင်တာနက်သုံးနေတိုင်းပိုက်ဆံဝင်နေတဲ့ အထိဆိုတော့ သူ့တို့ မိသားစုရဲ့ ချမ်းသာ ကြွယ်ဝမှုက ပြောမပြတတ်လောက်အောင်ပါ။ စမိုင်းလ်တို့ ဇနီးမောင်နှံ ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။

Source; Smile

Leave a Reply

Your email address will not be published. Required fields are marked *