ချစ်သူသက်တမ်း ၈နှစ် ၈လ ၈ရက် ပြည့်သွားပြီဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့နန်းသူဇာ – Myanmar Hot News
1st April 2023

ချစ်သူသက်တမ်း ၈နှစ် ၈လ ၈ရက် ပြည့်သွားပြီဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့နန်းသူဇာ

ဂီတအနုပညာရှင်လေးတွေဖြစ်ကြပြီး နန်းသူဇာလေးကတော့ သရုပ်ဆောင်ကြော်ငြာလေးတွေလဲ ရိုက်ကူးသရုပ်ဆောင်ခဲ့တာလဲရှိပါတယ်။ ကျော်ထွဋ်ဆွေ ကတော့ဂီတအနုပညာဘက်ကိုတစိုက်မက်မက် လုပ်ဆောင်နေတာဖြစ်ပြီး အခုလက်ရှိမှာတော့ Vlog လေးတွေကိုနှစ်ယောက်သားရိုက်ကူးနေကာ ပရိသတ်တွေဆီကိုလဲမျှဝေပေးနေတာပဲဖြစ်ပါတယ်။နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကတော့ အတူတူပွဲလေးတွေကိုလဲ တက်ရောက်လာတာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာ တို့ရဲ့ အချစ်ရေးကတော့ ပရိသတ်တွေထင်မှတ်မထားအချိန်လေးအတွင်းမှာပဲ နှစ်ကာလကြာခဲ့ပြီပဲဖြစ်ပါတယ်။အမြဲတမ်း တကြပ်ကြပ်ရန်ဖြစ်တက်ပြီး ကောက်စိန်လေးတွေဖြစ်တဲ့ သူတို့နှစ်ဦးကတော့ ကြာရှည်စွာလက်တွေခိုင်မြဲနေပြီး နိုဝင်ဘာလ ၁၈ ရက်နေ့မှာတော့ ချစ်သူသက်တမ်း ၈နှစ် ၈လ ၈ရက် ကြာခဲ့ပြီပဲဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ တစ်ယောက်ကိုချစ်တက်ကြပြီး နားလည်မှုတွေကြောင့် ပရိသတ်တွေချစ်ခင်သဘောကျရတဲ့ အနုပညာစုံတွဲလေးဖြစ်ပါတယ်။ ၈နှစ် ၈လ ၈ရက် ပြည့်တဲ့နေ့မှာတော့ နန်းသူဇာက လူမှုကွန်ယက်ပေါ်မှာ ကောက်ကောက်စိန် ကထဆ နဲ့အတူတူရှေ့ဆက်မယ်လို့ရေးသားခဲ့ပါတယ်။အရမ်းချစ်ဖို့ကောင်းတဲ့ သူတို့နှစ်ဦးလဲ နောင်နှစ်ပေါင်းများစွာ လက်တွဲဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source ; Nan Thuzar

Leave a Reply

Your email address will not be published. Required fields are marked *