
ပရိသတ်တွေက ချစ်စနိုးနဲ့ အူဝဲလို့ခေါ်တဲ့ အိန္ဒြာကျော်ဇင်ဟာ ပရိသတ်ချစ်ခင်အားပေးတဲ့အနုပညာရှင်တစ်ယောက်ပါ။ အမြဲလိုလို ခန့်ညားသပ်ရပ်လှပနေတဲ့ အမျိုးသမီး ပုံစံနဲ့ အူဝဲဟာ အနုပညာလောကမှာ အနုပညာလောကသားတော်တော်များများ စံထားရတဲ့ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။

မအူဝဲ ဟာ သူမကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ‘ကြိုးဖုန်း’ Premier Show ပွဲကိုတက်ရောက်ခဲ့တဲ့ သူမရဲ့ ပုံရိပ်တွေကို သူမရဲ့ Facebook စာမျက်နှာကနေ မျှဝေခဲ့တာလည်းဖြစ်ပါတယ်။ ‘ကြိုးဖုန်း’ ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာ (၂၁) ရက်နေ့မှာရုံတင်မှာဖြစ်ပြီး ဒီဇာတ်ကားကြီးမှာ အဓိကသရုပ်ဆောင်တွေအဖြစ် ဖြိုးငွေစိုး၊ အိန္ဒြာကျော်ဇင်၊ ရဲအောင်၊ ရွှေအိမ်စည် တို့ပါဝင်သရုပ်ဆောင်ထားတာလည်းတွေ့ရပါတယ်။


မအူဝဲဟာ တစ်ဖက်မှာ အနုပညာအလုပ်တွေကို အကောင်းဆုံးလုပ်ဆောင်နေပြီး တစ်ဖက်မှာလည်း ပရိသတ်လေးစားအားကျတဲ့ မိသားစုဘဝကိုအကောင်းဆုံးတည်ဆောက်ထားတာလည်းဖြစ်ပါတယ်။
ပရိသတ်ကြီးတို့ရေ မအူဝဲရဲ့ အလှပုံရိပ်လေးတွေကို ကြည့်လိုက်ကြရအောင်နော်။

Source; Eaindra Kyaw Zin