
မော်ဒယ်လောကထဲမှာ ၀င်ရောက်လာတာ နှစ်ကာလအနည်းငယ်သာရှိသေးတဲ့ မော်ဒယ်နေမင်းဆက်ကတော့ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။ အနုပညာလောကထဲကိုဝင်ရောက်လာတာ ၂နှစ်သာရှိသေးတဲ့ မော်ဒယ်နေမင်းဆက်ကတော့ လတ်တလောမှာအရမ်း ရေပန်းစားနေတဲ့ ဓါတ်ပုံလေးတစ်ပုံထွက်ရှိခဲ့တာကြောင့် သူ့ကိုချစ်တဲ့ Fan တွေကိုပြန်လည် ရှင်းပြခဲ့ပါတယ်။


ထိုပုံလေးကတော့ မိတ်ကပ်ဒီဇိုင်နာ လင်းလင်းနဲ့ လက်တွဲပြီးရိုက်ခဲ့တဲ့ပုံလေးပဲဖြစ်ပါတယ်။ပုံနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်သူနှစ်ယောက်လုံးက ငြင်းဆိုခဲ့ကြပါတယ်။ပွဲတစ်ပွဲတုန်းက အုပ်စုလိုက်ဓါတ်ပုံရိုက်ရင်း အမှတ်မထင် လက်ကိုင်ထားမိတာကြောင့် ပရိသတ်တွေရဲ့ အမြင်ကို ထင်မှားစေခဲ့ပါတယ်။ထိုပုံလေးကြောင့်ပဲ နေမင်းဆက်ကိုချစ်ကြတဲ့ သူ့ပရိသတ်တွေကလဲ တအံ့တသြဖြစ်နေကြပါတယ်။

အမှန်တကယ်ကတော့ ပရိသတ်တွေ ထင်မှတ်ထားတဲ့ အတိုင်းမဟုတ်ဘဲ အခြေအနေတစ်ခုကြောင့် မထင်မှတ်ထားဘဲဖြစ်သွားကြောင်း နှစ်ယောက်လုံးက ပြောပြခဲ့ပါတယ်။ကျွန်တော်က အနုပညာလောကထဲကိုရောက်လာတာမကြာသေးဘူးလေ ပြီးတော့ ဒီလိုမျိုးက ဖြစ်လေ့ဖြစ်တက်တဲ့ အရာတွေဆိုတော့ သိပ်လဲဂရုမစိုက်ပါဘူး ဒါပေမယ့် ကျွန်တော့် Fan တွေကိုတော့ အရမ်းမစိုးရိမ်ဖို့ ပြောချင်ပါတယ်။မလင်းဆိုတာကလဲ မြန်မာနိုင်ငံရဲ့ LGBT ထဲမှာ အကြိုက်ဆုံး သူတစ်ယောက်ဖြစ်ပြီး အမြဲတမ်းလဲ အဆက်အသွယ်မရှိဘူး ပွဲလေးတွေမှာမှ တွေ့ဖြစ်တာပါလို့ ပြောပြခဲ့ပါတယ်။

Source ; 8days Journal