အောင်ရဲထွေးကို သတိရတဲ့အကြောင်းပြောပြလာတဲ့ ကြိုးဖုန်းအနုပညာရှင်များ – Myanmar Hot News
22nd March 2023

အောင်ရဲထွေးကို သတိရတဲ့အကြောင်းပြောပြလာတဲ့ ကြိုးဖုန်းအနုပညာရှင်များ

ကြိုးဖုန်းရုပ်ရှင်ဇာတ်ကားကြီးကတော့ သဲထိပ်ရင်ဖို သရဲကားကြီးဖြစ်ပြီး အနုပညာရှင်တွေအသစ်တွေကော ဝါရင့်သရုပ်ဆောင်တွေပါ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ထိုကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသမျက်နှာသစ်သရုပ်ဆောင် အောင်ရဲထွေးလဲ ပါဝင်သရုပ်ဆောင်ထားတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

ထိုရုပ်ရှင်ဇာတ်ကားကြီးကတော့ အောင်ရဲထွေးရဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားကြီးထဲမှာလဲ အကောင်းဆုံး သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေဆီ ချပြတင်ဆက်ထားပါတယ်။အောင်ရဲထွေးကတော့ လောကဓံရဲ့အတွေ့အကြုံကြောင့် အသက်ပေးကာ သေခဲ့ရတဲ့ အနုပညာရှင်တစ်ဦးပါ။ဒီဇာတ်ကားကြီးက သူ့ရဲ့ ပထမဦးဆုံးဇာတ်ကားကြီးဖြစ်သလို နောက်ဆုံးဇာတ်ကားကြီး တစ်ကားလဲဖြစ်ပါတယ်။

အောင်ရဲထွေးက အရမ်းခင်ဖို့ကောင်းတဲ့ သူတစ်ယောက်ပါ။အရမ်းစလို့လဲကောင်းတယ် အာ့ကားကြီး ရိုက်နေတုန်းကဆိုရင် ကားကလဲသရဲကား သူကလဲကြောက်တက်တယ် အာ့တော့ သူ့ကိုပဲလိုက်စနေတာ ညပိုင်းသူတစ်ယောက်ထဲရှိနေတဲ့ အချိန်ဆို လိုက်ခြောက် မနက်ပိုင်း ကျမှ ဘယ်သူကစတာပြောမှ စိတ်ချလက်ချနေနိုင်တယ် မဟုတ်ရင်အရမ်း ကြောက်တက်လို့လေ။ဒီကားကြီးပြီးတော့လဲ နောက်ဆက်တွဲဘာတွေဆက်လုပ်မယ် ဘယ်လိုလုပ်ရင်တော့ကောင်းမယ်ဆိုပြီး အများကြီးတိုင်ပင်ထားတာတွေရှိတယ်လို့ အဆိုတော် ရဲနောင် ၊ သရုပ်ဆောင်ဖြိုးငွေစိုး ၊ဒါရိုက်တာ အာကာတို့ကပြောပြခဲ့ပါတယ်။

Source ; Myanmarload TV

Leave a Reply

Your email address will not be published. Required fields are marked *