Cele News

ခရီးသွားတံသမန်​ တစ်​ဦးအ​နေဖြင့်​ ပရိတ်​သတ်​​တွေကို မြန်​မာပြည်​အလည်​လာဖို့ဖိတ်​​ခေါ်ခဲ့တဲ့ ပိုင်​တံခွန်

ပိုင်​တံခွန်​ဆိုတာနဲ့ ဆယ်​​ကျော်​သက်​​ကောင်​မ​လေး​တွေအပြင်​ ​မိန်းက​လေး​တော်​​တော်​များများရဲ့ ကြိုက်​နှစ်​သက်​ခြင်းကို ခံရတဲ့မင်းသား​ချော တစ်​ဦး ဆိုတာသိကြမှာပါ။မကြာ​သေးခင်​ကမှ လူမှုကွန်​ရက်​မှ တစ်​ဆင့်​ ထိုင်းပရိတ်​သတ်​​တွေရဲ့ အား​ပေးချစ်​ခင်​မှုကို အံ့အားသင့်​ဖွယ်​ရရှိခဲ့တဲ့ မင်းသား​ချောပိုင်​တံခွန်​ ဟာပြည်​တွင်းက မိန်းက​လေးပရိတ်​သတ်​​တွေရဲ့ အသည်းနှလုံးကိုသိမ်းပိုက်​နိုင်​ ရုံသာမက ထိုင်းမ​လေး​တွေရဲ့ စိတ်​ကူးထဲက မင်းသား​လေးအဖြစ်​ ​အောင်​မြင်​လျက်​ရှိပါတယ်​။

ပိုင်​တံခွန်​ ကလက်​ရှိဆိုရင်​ထိုင်းနိုင်အထိပါ သွားရောက်ပြီးတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာဖြစ်ပါတယ်။လတ်တလောမှာတော့ ပိုင်တံခွန်ဟာ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံဆိုင်ရာ ခရီးသွားဈေးကွက်ကို တိုးချဲ့မြှင့်တင်ဖို့အတွက် ခရီးသွားသံတမန်အဖြစ်နဲ့ခန့်အပ်ခြင်းခံလိုက်ရတာဖြစ်ပြီး သူကတော့ မြန်မာပြည်ကိုချစ်တဲ့သူတစ်ဦးအနေနဲ့ဂုဏ်ယူဝမ်းမြောက်စွာနဲ့လက်ခံခဲ့ပါတယ်။ ပိုင်တံခွန်ကတော့ အနုပညာအလုပ်တွေကြောင့် ခရီးတွေကို ဆက်တိုက်ထွက်နေရပေမယ့် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မြန်မာပြည်ကြီးဟာ ဘယ်လောက်လှပပြီး ဘယ်လောက်မှင်သက်စရာ ကောင်းလဲဆိုတာ ကိုသူရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

“အကြိမ်တစ်ရာမက ကြားရခြင်းထက် တစ်ကြိမ်လေးသာ မြင်ရခြင်းဟာ သာ၍ကောင်းပါတယ်”…..ဒီစာသားလေးက ကျွန်တော့်ကို ခရီးမကြာခဏထွက်ဖြစ်အောင် စိတ်ခွန်အားပေးနေကျပါပဲ…ကျွန်တော့်အကြိုက်ဆုံး အဆိုအမိန့်တွေထဲက တစ်ခုပေါ့…..ပြီးတော့ ကျွန်တော့်ရဲ့ ပရိတ်သတ်တွေအားလုံးကိုလည်း ဒီစာသားလေးအတိုင်း လိုက်ကျင့်စေချင်မိတယ်…ကမ္ဘာပေါ်မှာ လည်ပတ်ဖို့ စူးစမ်းလေ့လာဖို့ နိုင်ငံပေါင်းရာကျော်ရှိပါတယ်….ကျွန်တော်ကတော့ မြန်မာနိုင်ငံသားဖြစ်တဲ့အတွက် မြန်မာပြည်ကိုလာလည် စေချင်တယ်….ဘာလို့လဲဆိုတော့ မြန်မာပြည်ကြီးဟာ ဘယ်လောက်လှပပြီး ဘယ်လောက်မှင်သက်စရာ ကောင်းလဲဆိုတာ ကို ကျွန်တော့်ပရိတ်သတ်တွေကို မြင်စေ သိစေချင်လို့ပါပဲ….. ဒါကြောင့် မြန်မာပြည်ထဲက နေရာအချို့ကိုဖော်ပြပေးလိုက်ပါတယ်​”ဟုဆိုကာ မြန်​မာရဲ့ ရှုခင်းအလှနဲ့ တွဲဖက်​ထားတဲ့ သူ့ရဲ့ပုံရိပ်​တစ်​ချို့ကိုပရိတ်​သတ်​ အတွက်​တင်​ထားခဲ့ပါတယ်​။

Soure: Paing Tcakhon

Leave a Reply

Your email address will not be published. Required fields are marked *