ရေဒီယို နောက်ခံဇာတ်တွေကို ပီပြင်စွာ သရုပ်ဆောင်ရာကနေ အောင်မြင်လာခဲ့တဲ့ မင်းသမီးချောလေး အေငြိမ်းဖြူကတော့ ပုရိသယောက်ကျားလေးတွေရဲ့ အသည်းစွဲ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ သူမဟာဆိုရင် မြန်မာအကနဲ့ နိုင်ငံခြားအကတို့ကိုလည်း ကတတ်သူ Dancer တစ်ယောက်ပါ။ လက်ရှိမှာတော့ အဆိုတော်ရဲရင့်အောင်နဲ့ ချစ်သူတွေဖြစ်လာခဲ့တာ 3နှစ်နီးပါး ရှိခဲ့ပါပြီ။



မင်းသမီးချောလေး အေငြိမ်းဖြူက ရုပ်ရှင်ဇာတ်ကားများလည်း စတင်ပြီး ရိုက်ကူးလာနေတာကို တွေ့ရပါတယ်။ သိပ်မကြာသေးခင်က ကျရောက်ခဲ့တဲ့ သူမရဲ့ချစ်သူ အဆိုတော်ရဲရင့်အောင်ရဲ့ မွေးနေ့မှာ ရဲရင့်အောင် ထွက်ရှိထားခဲ့တဲ့ သီချင်းပေါင်းများစွာကို သူမရဲ့ ဟန်ပန်အမူအရာလေးနဲ့ စပ်ဆိုကာ မွေးနေ့ကို Surprise လုပ်ခဲ့ပါသေးတယ်။ သူမတို့နှစ်ယောက်ရဲ့ ပရိတ်သတ်တွေကတော့ အရမ်းကို အားကျကာ အချစ်တွေပ်ုနေကြတာကို တွေ့ရပါတယ်။




ခုတစ်ခါမှာတော့ အေက “”ဘဝမှာရှေ့ဆက်ပြီး ပျော်ရွှင်ချင်သေးရင် ကိုယ့်ကိုကိုယ်ပဲချစ်ပေးဖို့ အများကြီးသင်ပေးရအုံးမယ်🧡”လို့ဆိုကာ ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ မင်းသမီးချောလေး အေငြိမ်းဖြူရဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; A Nyein Phyu