“အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ နေရတာ အကောင်းဆုံးပဲ”လို့ ဆိုလာတဲ့ သဇင်နွယ်ရဲ့ပုံရိပ်များ – Myanmar Hot News
25th March 2023

“အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ နေရတာ အကောင်းဆုံးပဲ”လို့ ဆိုလာတဲ့ သဇင်နွယ်ရဲ့ပုံရိပ်များ

ပရိတ်သတ်တွေ အရမ်းကိုချစ်ကာ အားပေးကြတဲ့ MCမလေး သဇင်နွယ်ဝင်းကတော့ မင်းသမီးတွေ ရှုံးလောက်အောင် လှရက်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ ရယ်လိုက်ရင် ချစ်စရာကောင်းပြီး ချွန်မြတဲ့ သွားထက်လေးရယ် သွယ်လျလှပတဲ့ ခန္ဒာကိုယ် အချိုးအစားလေးကြောင့်လည်း ပရိတ်သတ်တွေက ပိုလို့ အချစ်ပို နေကြရတာပါ။

ဘက်စုံတော်တဲ့ သူမကတော့ အပြောချိုရုံသာမက အကဘက်မှာလည်း ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းက “Dancing with the Stars”ဆိုတဲ့ အစီအစဉ်မှာလည်း ကိုယ်တိုင်ပါဝင်ယှဉ်ပြိုင် ကခဲ့ပါသေးတယ်။ သူမရဲ့ ပရိတ်သတ်တွေကတော့ အကပိုင်းမှာပါ ထူးချွန်တဲ့ သူမအပေါ် တခဲနက် အားပေးခဲ့ကြတာကို တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ သဇင်က “အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ နေရတာ အကောင်းဆုံးပဲ🐈”လို့ ဆိုကာ သူမရဲ့ ချစ်စရာကြောင်မလေးနဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ သဇင့်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Thazin Nwe Win

Leave a Reply

Your email address will not be published. Required fields are marked *