“ပန်းခူးသူ မဖြစ်လိုပါ ပန်းပျိုးသူသာ ဖြစ်လိုပါတယ်…”လို့ဆိုလာတဲ့ ခြည်ခြည် – Myanmar Hot News
24th March 2023

“ပန်းခူးသူ မဖြစ်လိုပါ ပန်းပျိုးသူသာ ဖြစ်လိုပါတယ်…”လို့ဆိုလာတဲ့ ခြည်ခြည်

Beauty Bloggerဘဝကနေ စလို့ နာမည်ကျော်လူသိများလာခဲ့တဲ့ နေခြည်ဦးကတော့ ယခုလက်ရှိမှာ အောင်မြင်တဲ့ မင်းသမီးတစ်လက်အနေနဲ့ ရှေ့ဆက်နေတာကို တွေ့ရပါတယ်။ သူမဟာ အမြဲလိုလို တက်ကြွလန်းဆန်းနေပြီး အလုပ်တစ်ခုလုပ်တဲ့အခါမှာလည်း ဖြစ်အောင် လုပ်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ကိုယ်အဆင်ပြေဖို့အတွက်ဆို ဘယ်သူဘာပြောပြော ပတ်ဝန်းကျင်ကို သိပ်ပြီး ဂရုစိုက်လေ့ မရှိသူတစ်ယောက်ပါ။

နေခြည်ဟာ သူမ အရမ်းသဘောကျနှစ်သက်တဲ့ ခွဲစိတ်မှုပေါင်းများစွာကို ပြုလုပ်ခဲ့ကာ ယခင်က ငယ်ရုပ်လေးပျောက်ပြီး ယခုဆိုရင် အရမ်းကို လှပလာတာကို တွေ့ရပါတယ်။ ဒါ့အပြင် လတ်တလောမှာလည်း ရည်းစားဟောင်းဖြစ်သူ မင်းသားချော အောင်ရဲလင်းနဲ့ တွဲဖက်ပြီး အဆိုတော် ထက်ယံရဲ့ “ချစ်လိုက်” Music Seriesလေးမှာ ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ အရမ်းကိုလိုက်ဖက်စွာ ကြည်နူးစရာကောင်းလွန်းတဲ့အတွက် မင်းသားရဲ့ ပရိတ်သတ်တွေနဲ့ သူမရဲ့ ပရိတ်သတ်တွေက “ပြန်တွဲနေကြပြီလား” ဆိုတဲ့ ထင်မြင်ချက်တွေတောင် ပေးနေကြတာကို တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ ခြည်ခြည်က “ပန်းခူးသူ မဖြစ်လိုပါ ပန်းပျိုးသူသာ ဖြစ်လိုပါတယ်…”လို့ဆိုကာ လိမ္မော်ရောင် ပါတိတ်ဝမ်းစက်လေးနဲ့ ရိုးရှင်းတောက်ပစွာ လှနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ မြန်မာဆန်စွာ လှနေတဲ့ ခြည်ခြည်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source; Nay Chi Oo

Leave a Reply

Your email address will not be published. Required fields are marked *