အသက်ငယ်ငယ်လေးနဲ့ ခန္ဒာကိုယ် ကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ဝါဆိုမိုးဦးကတော့ ပုရိသပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာ သူမရဲ့ အချစ်ရေးကတော့ အဆိုတော် ဖြိုးလေးနဲ့ ချစ်ကြိုက်နေခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ နှစ်ပေါင်းအတော်ကြာလာပြီဖြစ်တဲ့အတွက် သူတို့ရဲ့ပရိတ်သတ်တွေက ပိုလို့ အချစ်ပိုနေကြတာကိုလည်း တွေ့ရပါတယ်။




လတ်တလောမှာတော့ သူမက ကြော်ငြာရိုက်ကူးရေးတွေကို လက်ခံပြီး ရိုက်ကူးလျှက် ရှိနေပါတယ်။ ဒါ့အပြင် တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ သူမက အမြဲလိုလို တိရစ္ဆာဂေဟာတွေကို သွားပြီး အလှူအတန်းတွေလည်း လုပ်နေတာကို တွေ့ရပါတယ်။ သူမမှာ အရမ်းကိုမိမိုက်ပြီး လှပတဲ့ ညမချောချောလေးတွေလည်း ရှိပါတယ်။ အချိန်ရရင် ရသလို ညအမတွေ ကကြ၊ Tiktokဆော့ကြနဲ့ ပျော်ပျော်ပါးပါး ရှိနေကြပါတယ်။




ခုတစ်ခါမှာတော့ ဆိုဆိုက “ပင်လယ်ကြီးရေ လွမ်းနေပြီသိလား😞”လို့ဆိုကာ ပင်လယ်ကမ်းစပ်က အလှတရားလေးတွေကို ချပြလာခဲ့ပါတယ်။ အလွမ်းအဆွေးတွေ ပြည့်နေတဲ့ ပင်လယ်ပျော်မင်းသမီးလေးဆိုဆိုရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Warso Moe Oo