MRTV 4ရဲ့ နာမည်ကြီးမင်းသမီးတစ်လက် ဖြစ်တဲ့ မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ “ပန်းနုသွေး”ဆိုတဲ့ ရိုးအေးတဲ့ ဇာတ်ကောင်လေးနဲ့ စတင်ပြီး သရုပ်ဆောင်ကာ ပရိတ်သတ်တွေရဲ့ ရင်ထဲကို ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ နန်းဆန်ပြီး ရိုးအေးတဲ့ မျက်နှာလေးနဲ့ အသံချိုချိုအေးအေးလေးကြောင့်လည်း ပရိတ်သတ်တွေက အချစ်တွေ ပိုနေကြရတာပါ။



မေလေးရဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွဲတွေကတော့ ပန်းနုသွေး၊ ဆုံစည်းခြင်း မိုးတိမ်များ၊ ပုဂံမြို့သူတို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မေလေးက ၂၀၁၉ခုနှစ်တုန်းက ပရိတ်သတ်တွေက ပေးတဲ့ “People’s Choice Award”ဆုကိုလည်း ရရှိခဲ့ကာ ထူးချွန်အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။




ခုတစ်ခါမှာတော့ မေလေးက “မနက်ခင်းလေးမှာနိုးလာခဲ့ အရင်ဆုံးမင်းကိုလွမ်းပါတယ်🤍⛅️✨”လို့ဆိုကာ သူမရဲ့ မနက်ခင်းအိပ်ယာထကာစပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ အိပ်ယာနိုးနိုးချင်းမှာ အလွမ်းစကားတွေ ချွေခဲ့တဲ့ မေလေးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; May Myint Mo