သူမစုေဆာင္းထားတဲ့ ေငြေၾကးအပါအဝင္ ေၾကာ္ျငာ Liveေတြက ရရွိတဲ့ အႏုပညာေၾကး ၂၄သိန္းဖိုးစာ လႉဒါန္းခဲ့တဲ့ ေမလသံစဥ္ – Myanmar Hot News
2nd June 2023

သူမစုေဆာင္းထားတဲ့ ေငြေၾကးအပါအဝင္ ေၾကာ္ျငာ Liveေတြက ရရွိတဲ့ အႏုပညာေၾကး ၂၄သိန္းဖိုးစာ လႉဒါန္းခဲ့တဲ့ ေမလသံစဥ္

အသက္ငယ္ငယ္ေလးကတည္းက အႏုပညာေလွ်ာက္လွမ္းေပၚမွာ နာမည္ေက်ာ္လူသိမ်ားလာခဲ့တဲ့ အဆိုေတာ္မေလး ေမလသံဇဥ္ကိုေတာ့ ပရိတ္သတ္ႀကီး သိၿပီးသား ေနမွာပါေနာ္။ သူမဟာဆိုရင္ ေခတ္ေဟာင္းသီခ်င္းေတြကို ပိုင္ႏိုင္စြာ သီဆိုႏိုင္သူတစ္ေယာက္ျဖစ္တဲ့အျပင္ သူမရဲ႕ ကိုယ္ပိုင္သီခ်င္း ေအးေအးေလးေတြကိုလည္း ဖန္တီးသီဆိုကာ ပရိတ္သတ္ေတြရဲ႕ အခ်စ္ကို ရယူထားႏိုင္သူပဲ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ေမလသံဇဥ္က အဆိုေတာ္ အုပ္စိုးခန႔္နဲ႔ “႐ုံးေတာ္လႊတ္ေတာ္”ဆိုတဲ့ သီခ်င္းေဟာင္းေလးကို သူတို႔ရဲ႕ ခ်စ္စရာေကာင္းတဲ့ ကိုယ္ပိုင္အမူအရာေလးနဲ႔ Coverျပန္ဆိုကာ နာမည္ရလာခဲ့ပါတယ္။ ေနရာတိုင္းမွာ သူတို႔ႏွစ္ေယာက္ရဲ႕ သီခ်င္းေလးက စိုးမိုးလာကာ ပရိတ္သတ္ေတြရဲ႕ အထူးအားေပးမႈကို ရရွိလာခဲ့ပါတယ္။

ခုတစ္ခါမွာေတာ့ ေမလသံစဥ္က “DiamondmartKhitSanYadanarစိန္ဆိုင္ Live မွ ရရွိတဲ့ အႏုပညာေၾကးနဲ႔ ေမလ စုထားတဲ့ ေၾကာ္ျငာ႐ိုက္ရတဲ့ ေငြေလးေတြေပါင္းၿပီး ဒဂုံဆိပ္ကမ္းမွ အိမ္ေျခ(၂၀၀)၊ ၁၀၇ ရပ္ကြက္ ဘုန္းႀကီးေက်ာင္း၊ ေျမာက္ဒဂုံ ၃၇ရပ္ကြက္ အေႏွးယာဥ္ ဦးဦးမ်ားအတြက္ ဆန္ဆီၾကက္သြန္အာလူးေဆးဝါးမ်ား၊ဧရာဝတီစင္တာ Test & Care မွ ေစတနာ့ဝန္ထမ္းမ်ားအတြက္ လက္ဖက္ရည္ မုန႔္မ်ား
(အားလုံးစုစုေပါင္း ၂၄သိန္းဖိုး လႉဒါန္းခဲ့ပါတယ္ )
🙏🙏🙏ေမလ တင္တဲ့ ေၾကာ္ျငာပို႔စ္​ေလး​ေတြကို
ၾကည့္​ေပး၊Like ေပး၊ share ေပးတဲ့ သူအားလုံးရဲ႕
အလႉလို႔ လည္း သတ္မွတ္လို႔ရပါတယ္ ☺”လို႔ဆိုကာ မွ်ေဝေပးခဲ့တာပဲ ျဖစ္ပါတယ္။

Source; May Melody ေမလသံစဥ္

(Unicode)

သူမစုဆောင်းထားတဲ့ ငွေကြေးအပါအဝင် ကြော်ငြာ Liveတွေက ရရှိတဲ့ အနုပညာကြေး ၂၄သိန်းဖိုးစာ လှူဒါန်းခဲ့တဲ့ မေလသံစဉ်

အသက်ငယ်ငယ်လေးကတည်းက အနုပညာလျှောက်လှမ်းပေါ်မှာ နာမည်ကျော်လူသိများလာခဲ့တဲ့ အဆိုတော်မလေး မေလသံဇဉ်ကိုတော့ ပရိတ်သတ်ကြီး သိပြီးသား နေမှာပါနော်။ သူမဟာဆိုရင် ခေတ်ဟောင်းသီချင်းတွေကို ပိုင်နိုင်စွာ သီဆိုနိုင်သူတစ်ယောက်ဖြစ်တဲ့အပြင် သူမရဲ့ ကိုယ်ပိုင်သီချင်း အေးအေးလေးတွေကိုလည်း ဖန်တီးသီဆိုကာ ပရိတ်သတ်တွေရဲ့ အချစ်ကို ရယူထားနိုင်သူပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မေလသံဇဉ်က အဆိုတော် အုပ်စိုးခန့်နဲ့ “ရုံးတော်လွှတ်တော်”ဆိုတဲ့ သီချင်းဟောင်းလေးကို သူတို့ရဲ့ ချစ်စရာကောင်းတဲ့ ကိုယ်ပိုင်အမူအရာလေးနဲ့ Coverပြန်ဆိုကာ နာမည်ရလာခဲ့ပါတယ်။ နေရာတိုင်းမှာ သူတို့နှစ်ယောက်ရဲ့ သီချင်းလေးက စိုးမိုးလာကာ ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိလာခဲ့ပါတယ်။

ခုတစ်ခါမှာတော့ မေလသံစဉ်က “DiamondmartKhitSanYadanarစိန်ဆိုင် Live မှ ရရှိတဲ့ အနုပညာကြေးနဲ့ မေလ စုထားတဲ့ ကြော်ငြာရိုက်ရတဲ့ ငွေလေးတွေပေါင်းပြီး ဒဂုံဆိပ်ကမ်းမှ အိမ်ခြေ(၂၀၀)၊ ၁၀၇ ရပ်ကွက် ဘုန်းကြီးကျောင်း၊ မြောက်ဒဂုံ ၃၇ရပ်ကွက် အနှေးယာဉ် ဦးဦးများအတွက် ဆန်ဆီကြက်သွန်အာလူးဆေးဝါးများ၊ဧရာဝတီစင်တာ Test & Care မှ စေတနာ့ဝန်ထမ်းများအတွက် လက်ဖက်ရည် မုန့်များ
(အားလုံးစုစုပေါင်း ၂၄သိန်းဖိုး လှူဒါန်းခဲ့ပါတယ် )
🙏🙏🙏မေလ တင်တဲ့ ကြော်ငြာပို့စ်​လေး​တွေကို
ကြည့်​ပေး၊Like ပေး၊ share ပေးတဲ့ သူအားလုံးရဲ့
အလှူလို့ လည်း သတ်မှတ်လို့ရပါတယ် ☺”လို့ဆိုကာ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source; May Melody မေလသံစဉ်

Leave a Reply

Your email address will not be published. Required fields are marked *