တနေ့တမျိုး မရိုးနိုင်သော ပို့စ်တွေနဲ့ ဖမ်းစားနေတဲ့ ပရိတ်သတ်အချစ်တော် ရွှေကစ်လေး – Myanmar Hot News
31st May 2023






(Unicode)

တနေ့တမျိုး မရိုးနိုင်သော ပို့စ်တွေနဲ့ ဖမ်းစားနေတဲ့ ပရိတ်သတ်အချစ်တော် ရွှေကစ်လေး

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုန်ရွှေရည်ကတော့ အောင်မြင်တဲ့နေရာတစ်ခုမှာ ရပ်တည်နေပြီး အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ကိုင်လျှက် ရှိနေပါတယ်။ သူမရဲ့ အိမ်ခေါ်နာမည်လေးကတော့ ကစ်ပါ။ ဒါ့အပြင် ရွှေကစ်လေးဟာ “ဝင်္ကပါစံအိမ်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Asia Awardဆုကို ရရှိထားတဲ့ လေးစားရတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

ရွှေကစ်လေးက လတ်တလောမှာ‌တော့ ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် လုပ်ဆောင်နေပြီး အလှူအတန်းနဲ့ ပရဟိတတွေကိုလည်း လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် ရွှေကစ်လေးရဲ့ ညမဖြစ်သူ နဒီရွှေရည်ရဲ့ သားလေးနဲ့ ဆော့ကစားကာ အမြဲလိုလို ချစ်စရာ Videoလေးတွေကို မျှဝေပေးလေ့ ရှိပါတယ်။

ခုတစ်ခါမှာတော့ ရွှေကစ်လေးက တနေ့တမျိုး မရိုးနိုင်သော ပို့စ်တွေနဲ့ ပရိတ်သတ်တွေအပေါ် ဖမ်းစားနေတာကို တွေ့ရပါတယ်။ ဆယ်ကျော်သက်လေးတစ်ယောက်လို အချိန်တိုင်းမှာ နုပျိုလန်းဆန်းနေတဲ့ ရွှေကစ်လေးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Wutt Hmone Shwe Yi

Leave a Reply

Your email address will not be published. Required fields are marked *