ဒီနေ့လေးမှာပဲ ခမ်းနားထည်ဝါစွာ မင်္ဂလာမော်ကွန်းတင်လတ်မှတ်ရေးထိုးပွဲလေးကိုပြုလုပ်ခဲ့တဲ့ စည်ဖြိုးနဲ့ခင်လွှမ်း – Myanmar Hot News
24th March 2023





photo – Nay Ye
credit – si phyo

(Unicode)

ဒီနေ့လေးမှာပဲ ခမ်းနားထည်ဝါစွာ မင်္ဂလာမော်ကွန်းတင်လတ်မှတ်ရေးထိုးပွဲလေးကိုပြုလုပ်ခဲ့တဲ့ စည်ဖြိုးနဲ့ခင်လွှမ်း

လက်ရှိအနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ ခင်လွှမ်းကတော့ ပရိသတ်တွေရဲ့ အချစ်ကို အခိုင်မာရရှိထားတာဖြစ်ပါတယ် ။အမြဲချစ်စရာအပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်ကိုပိုင်ဆိုင်ရယူထားသူလေးလည်းဖြစ်သလို သူမရဲ့ အမိုက်စားပုံလေးတွေရယ် အပျော်ဆော့ထားတဲ့ Tik Tok ဗီဒီယိုလေးတွေကို ဖေ့ဘွတ်အကောင့်မှာ မကြာခဏဖော်ပြလေ့ရှိရာ ပရိသတ်တွေ ကြိုက်နှစ်သက်အားပေးကြတာကိုတွေ့ရပါတယ်။

အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့သူတစ်ယောက်ဖြစ်ပြီးနောက်ပိုင်းမှာတော့ သူမရဲ့ ကြိုးစားမှုတွေကြောင့် သရုပ်ဆောင်အလုပ်တွေနဲ့ ဇာတ်ကားတွေမှာပါပါဝင်သရုပ်ဆောင်လာတာကိုတွေ့ မြင်ရပါတယ်။လန်းလွန်းတဲ့ ဆက်ဆီ ကျကျပုံလေးတွေကြောင့်လည်း ယောကျာ်းလေး ပရိသတ်အများဆုံး ဝန်းရံမှုနဲ့အားပေးမှုတွေလည်းများစွာ ရှိနေတာကိုတွေ့မြင်ရပါတယ်။

ဒါ့အပြင်အေးချမ်းသာယာတဲ့ အချစ်ရေးလေးကိုလည်းပိုင်ဆိုင်ထားရပြီး ဒီနေ့လေးမှာတော့ ချစ်သူစည်ဖြိုးနဲ့အတူ နှစ်ဖက်မိဘစုံလင်စွာ ခမ်းနားလွန်းတဲ့ မင်္ဂလာမော်ကွန်းတင် လတ်မှတ်ရေးထိုးပွဲလေးကို ကျင်းပခဲ့တာပဲဖြစ်ပါတယ် ။ပုံလေးတွေကြည့်ပြီး ကြည်နူးပီတိဖြစ်ရသလိုနှစ်ယောက်လုံး လိုက်ဖက်လွန်းတာကြောင့် ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ် ။

photo – Nay Ye
credit – si phyo

Leave a Reply

Your email address will not be published. Required fields are marked *