






photo – Aung Min Naing
(Unicode)
သူရဲ့ Affection ပန်းချီကားလေးကို စတင်ကမ်းလှမ်းခံရလို့ အတိုင်းမသိဝမ်းသာနေတဲ့ ကိုပေါက်
ဒါရိုက်တာကိုပေါက်ကတော့ အနုပညာလောကမှာအချိန်အတော်ကြာရပ်တည်ထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ ကိုပေါက်ကတော့ ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လျက်ရှိနေပါတယ်။
ဒါ့အပြင် ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်ခဲ့ပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ ကိုပေါက်ကတော့ Tiktok လေးတွေကိုလည်း ခုလိုကာလမှာ ပရိသတ်တွေရယ်မောပျော်ရွှင်နိုင်စေရန် ဆော့ကစားပြီးတင်ပေးလေ့ရှိရာ အဆိုပါဗီဒီယိုဖိုင်လေးတွေဟာ လူကြည့်များလျက်ရှိနေတာပဲဖြစ်ပါတယ်။
အခုမှာတော့ သူကိုယ်တိုင်ရေးဆွဲထားတဲ့ Affection ပန်းချီကားလေးကို ငွေကျပ် သုံးသိန်းနဲ့စတင်ကမ်းလှမ်းခံရတာကြောင့် ဝမ်းသာပီတိဖြစ်နေမိကြောင်းကိုဖော်ပြထားတာဖြစ်ပြီး အဆိုပါရရှိတဲ့ ငွေများကိုလည်း Covid -19 ရောဂါ ကုသရေးအတွက် လိုအပ်တဲ့နေရာတွေမှာလှူဒါန်းသွားမှာဖြစ်ပါတယ် ။ ပရိသတ်ကြီးလည်းကိုပေါက်ရဲ့ ပန်းချီကားလေးကိုကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။
photo – Aung Min Naing