ပရိသတ်တွေအကြားချင်ဆုံး သတင်းလေးတစ်ခုကိုပျော်ရွှင်စွာဝေမျှလာတဲ့ ကျော်သူနဲ့ ထွန်းကိုကို – Myanmar Hot News
2nd June 2023





photo – Kyaw Thu

(Unicode)

ပရိသတ်တွေအကြားချင်ဆုံး သတင်းလေးတစ်ခုကိုပျော်ရွှင်စွာဝေမျှလာတဲ့ ကျော်သူနဲ့ ထွန်းကိုကို

ပရိသတ်ကြီးရေ အကယ်ဒမီဦးကျော်သူကတော့ အခုချိန်မှာဆိုရင် ပရဟိတအလုပ်တွေကိုသာ ဦးစားပေးဆောင်ရွက်နေတာဖြစ်ပါတယ်။အနုပညာအလုပ်တွေကိုတော့ အနည်းအကျဉ်းသာလုပ်ဆောင်နေပေမယ့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ယနေ့ထိတိုင် ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။

ယခုလိုကိုဗစ်ကာလမှာလည်း ဦးကျော်သူက ရှေ့ကနေဦးဆောင်ပြီး လိုအပ်သူတွေကို ကူညီပေးခဲ့တာလည်းဖြစ်ပါတယ်နော်။ဘာသာတရားကိုလည်း အထူးကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပြီး အလှူအတန်းတွေကို တက်နိုင်သလောက်ပါဝင် လှူဒါန်းပေးတာတွေလည်း တွေ့ရပါတယ်။

အခုမှာတော့ ထွန်းကိုကိုနဲ့အတူ Covid -19 ရောဂါကို ဝေဘာဂီဆေးရုံကြီးမှာ တက်ရောက်ကုသနေတာ ၁၈ ရက်တိတိရှိခဲ့ပြီပဲဖြစ်ရာ ဒီနေ့လေးမှာတော့ ဆေးရုံဆင်းခွင့်ရရှိပြီဖြစ်ကြောင်းပရိသတ်တွေကို ဝမ်းသာအားရပြောကြားခဲ့တာတွေ့ရပါတယ် ။ ဒါ့အပြင် ထွန်းကိုကိုနဲ့အတူ ဝမ်းသာပျော်ရွှင်နေတဲ့ အမှတ်တရပုံလေးတွေကိုလည်းဝေမျှခဲ့ရာ ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။

photo – Kyaw Thu

Leave a Reply

Your email address will not be published. Required fields are marked *