







photo – Shwe Mhone Yati
(Unicode)
ကမ္ဘာ့နိုင်ငံပေါင်းစုံဝင်ရောက်ယှဉ်ပြိုင်တဲ့ Druk International Film Festival မှာ ဆုကြီးတစ်ခုကို ဆွတ်ခူးရရှိခဲ့တဲ့ ရွှေမှုန်ရတီ
မင်းသမီးချောလေး ရွှေမှုန်ရတီကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ အောင်မြင်ကျော်ကြားနေတာ ဖြစ်ပါတယ်။ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေအများဆုံး ရိုက်ကူးနေရတဲ့ ရွှေမှုန်က လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးလေးအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ ရွှေမှုန်လေးက ခင်ပွန်းရွှေထူးနဲ့ အိမ်ထောင်ကျပြီး နောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာပါ။
ရွှေမှုန်ရတီက ခင်ပွန်းဖြစ်သူအဆိုတော် ရွှေထူးနဲ့အတူ နှစ်ကိုယ်တူ ဘဝလေးကိုတည်ဆောက်ထားပြီး နှစ်ယောက်အတူ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း အတူတူပါဝင်သရုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
အခုမှာတော့ ကမ္ဘာနိုင်ငံပေါင်းစုံကဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ Druk International Film Festival မှာ နို့ဘီလူးရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ပို့ဆုကို ဆွတ်ခူးသွားခဲ့တာကြောင့် အတိုင်းမသိဝမ်းသားပြီးကျေးဇူးတင်မိကြောင်းကို “ဒီရုပ်ရှင်ကားကြီးမှာ ပါဝင်ခွင့်ပေးခဲ့တဲ့ သဲရဲ့ဆရာ Uncle လေး နဲ့ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင် … သဲအများကြီးကြိုးစားပါဦးမယ် .” စာလေးရေးကာဖော်ပြခဲ့တာတွေ့ရပါတယ် ။ ရွှေမှုန်လေးကငယ်ငယ်ရွယ်ရွယ်နဲ့ တော်လိုက်တာနော် နောက်ထပ်လည်းအောင်မြင်မှုတွေဆွတ်ခူးရရှိပါစေဆုတောင်းပေးလိုက်ပါတယ် ။
photo – Shwe Mhone Yati