




Photo credit –Htun Aeindra Bo
(Unicode)
မဆိုင်တဲ့တိုက်ခိုက်မှုနဲ့ လှောင်ပြောင်မှုတွေကို ဂရုမစိုက်ဘဲ ကိုယ့်ပျော်ရွှင်မှုကိုသာ ဦးစားပေးခဲ့တဲ့ ထွန်းအိန္ဒြာဗိုလ်
တစ်ဦးတည်းသောသားလေးမို့တုန်နေအောင်ချစ်ရတဲ့ မခိုင်ကြီးတစ်ယောက် သားလေးနဲ့အတူ ဂေါက်ကွင်းကိုသွားခဲ့တဲ့ အမှတ်တရပုံလေးတွေကို လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ စန္ဒယားတီးတာမှာရော ဂေါက်ရိုက်တာမှာပါထူးချွန်တဲ့သားလေးကြောင့် မခိုင်ကြီးကတော့ ပျော်မဆုံး ကြည်နူးမဆုံးပါပဲ။
မိဘနှစ်ပါးလုံးအတွက် ဂုဏ်ယူစရာဖြစ်အောင်အမြဲတမ်းကြိုးစားနေတဲ့ သားလိမ္မာလေးကြောင့် မေမေ့ရဲ့အပြုံးတွေကလည်း အချိန်တိုင်းမှာ အသက်ဝင်နေခဲ့ပါတယ်။ လူငယ်ဖြစ်ပေမယ့် အနေအေးတဲ့သားလေးကြောင့် မေမေခိုင်က စိုးရိမ်ပူပန်မှုမရှိဘဲ အမြဲတမ်းစိတ်ချပြီး ပျော်ရွှင်နေခဲ့ပါတယ်။
သားမိနှစ်ယောက်ရဲ့ပုံလေးတွေအောက်မှာ မဆိုင်တဲ့မှတ်ချက်တွေလာပေးသူတွေကိုလည်း ဘာတစ်ခုမှမတုန့်ပြန်ဘဲ ကိုယ့်ပျော်ရွှင်မှု ကိုသာ အပြည့်အဝခံစားနေတဲ့ မခိုင်ကြီးရဲ့ တည်ငြိမ်မှုကတော့ လေးစားစရာပါ။ အသက်အရွယ်တစ်ခုရောက်လာ တဲ့အချိန်ထိလည်း အလှတွေကလျော့ပါးမသွားတာ လိမ္မာတဲ့သားလေးကိုပိုင်ဆိုင်ထားရတာကြောင့်ထင်ပါရဲ့ ပရိသတ်ကြီးရေ။
Photo –Htun Aeindra Bo