





Source – TAN KHUN KYAW
(Unicode)
ဆေးကျောင်းသားလေးရဲ့ ကျောက်ကပ်အစားထိုးကုသရေးအတွက် သူနဲ့အတူ ပါဝင်လှူဒါန်းပေးတဲ့သေူတွကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ တန်ခွန်ကျော်
ပရိသတ်ကြီးရေ တန်ခွန်ကျော်ကတော့ မြန်မာအိုင်ဒေါကနေ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူတစ်ယောက်ပါ။လက်ရှိမှာအောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်အောင်ကြိုးစားနေပြီ ပြိုင်ပွဲပြီးကတည်းက တန်ခွန်ကျော်ကသူ့ရဲ့ ပရိသတ်တွေနဲ့အတူ လိုအပ်တဲ့နေရာတွေမှာ အလှူအတန်းတွေလိုက်လံပြုလပ်လှူဒါန်းနေခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းကလည်း တန်ခွန်ကျော်က မကွေးဆေးတက္ကသိုလ်မှာ နောက်ဆုံးနှစ်တက်ရောက်နေပြီး လက်ရှိမှာ သွေးတွေအန်နေပြီး ကျောက်ကပ်ရောဂါဝေဒနာကို ခံစားနေရတဲ့ ကိုခန့်မင်းသော်အတွက် လိုအပ်တာတွေလှူဒါန်းပေးခဲ့ပါသေးတယ်။ပရိသတ်တွေကိုလည်း ပါဝင်လှူဒါန်းပေးဖို့ ဖိတ်ခေါ်ခဲ့ပြီး ဒီနေ့မှာတော့ ကိုခန့်မင်းသော်ရဲ့ ကျောက်ကပ်ရောဂါကုသဖို့ အလှူငွေတွေများစွာရရှိခဲ့တာကြောင့် ပါဝင်လှူဒါန်းပေးကြတဲ့ အလှူရှင်တွေကို ကျေးဇူးတင်ရှိကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။
ရောဂါရှင်ဖြစ်တဲ့ ကိုခန့်မင်းသော်ကလည်း လက်ရှိနေအိမ်မှာအနားယူနေပြီး သွေးအန်တာတွေကလည်း သက်သာနေပါပြီတဲ့။ တန်ခွန်ကျော်နဲ့ သူ့ရဲ့ပရိသတ်တွေရဲ့ စေတနာသဒ္ဓါတရားထက်သန်ပုံကတော့ တကယ်ကိုမှ အံ့မခန်းပါပဲနော်။ တန်ခွန်ကျော်နဲ့အလှူရှင်တွေအတွက် ပရိသတ်ကြီးတွေက သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Source – TAN KHUN KYAW