5th December 2020

အခက်အခဲဖြစ်နေချိန်မှာ အိမ်ထိခေါ်ထားပြီး ကျွေးမွေးပြုစုစောင့်ရှောက်ပေးခဲ့တဲ့ စိုးသူကိုသွားရောက်ကန်တော့ခဲ့တဲ့ ညီနန္ဒ

အနုပညာလောကမှာ နှစ်ပေါင်းများစွာတိုင်အောင် ရပ်တည်အောင်မြင်နေပြီး ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် ညီနန္ဒကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ အခုလက်ရှိကာလမှာဆိုရင်လည်း ထောပတ်ထမင်းကို ကိုယ်တိုင်ချက်ပြီးရောင်းချနေတာလည်း ဖြစ်ပါတယ်။ သူရဲ့ထောပတ်ထမင်းဟာဆိုရင်လည်း ပြည်သူတွေတစ်ခဲနက်အားပေးကြတာလည်းတွေ့ရပါတယ် ။

ဒါ့အပြင် ဗီဒီယိုဇာတ်ကားများနဲ့ရုပ်ရှင်ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ရင်ထဲမှာအချိန်အတော်ကြာ နေရာယူထားတဲ့မင်းသားချောကြီးဆိုလည်း မမှားပါဘူးနော် ။ညီနန္ဒဟာ အခုဆိုရင်ရုပ်သံဇာတ်လမ်းတွဲတွေကိုပါ ရိုက်ကူးလာရပြီဖြစ်ကာ အနုပညာအရည်အချင်းတွေနဲ့ ပြည့်ဝသူတစ်ယောက်‌လည်းဖြစ်ပါတယ်။

အခုမှာတော့ သူ မအောင်မြင်ခင်က အခက်အခဲတွေဖြစ်နေချိန်မှာ အိမ်ထိခေါ်ထားပြီးကျွေးမွေးပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးရှင်ဆရာဖြစ်သူ စိုးသူကို ထောပတ်ထမင်းနဲ့သွားရောက် ကန်တော့ခဲ့ကြောင်းကို “ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ရဲ့ ခက်ခဲခဲ့တဲ့အနုပညာသက်တမ်းတစ်ချို့ကို အိမ်မှာခေါ်ထားပြီး ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ ကျွန်တော့ကျေးဇူးရှင်သင်ဆရာ အကယ်ဒမီကိုစိုးသူ “‘ SoeThu Lwin “‘ ကို ဒီနေ့ (၉.၁၁.၂၀၂၀) ရက်နေ့ မှာ “‘ကိုနန္ဒထောပတ်ထမင်း”‘ နဲ့ သီတင်းကျွတ်ဂါရဝပြုခဲ့ပါတယ်..” ဆိုတဲ့စာလေးနဲ့အတူ ပုံလေးတွေကိုဖော်ပြခဲ့ရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ် ။

Photo – Nyi Nanda

Leave a Reply

Your email address will not be published. Required fields are marked *