






(Unicode)
“ဖူးစာဆိုတာ ဦးရာလူလို့ သူစတယ် ♬🌺”လို့ဆိုကာ ပေါ့ပါးလွတ်လပ်စွာ လှနေတဲ့ ပုံလေးတွေ မျှဝေပေးခဲ့တဲ့ ပန်းရောင်ခြယ်
နိုင်ငံကျော် အဆိုတော် ဂရေဟမ်ရဲ့ သမီးအကြီးမလေးဖြစ်တဲ့ ပန်းရောင်ခြယ်ကတော့ ပုရိသယောက်ကျားလေးတွေ အထူးအားပေးချစ်ခင်ကြတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ချိုမြတဲ့ အသံလေးရယ်၊ စကားပြောတဲ့အခါ နူးညံ့သိမ်မွေ့တာရယ်ကြောင့်လည်း ပရိတ်သတ်တွေက အချစ်တွေ ပိုနေကြရတာပါ။
အဆိုတော် မင်းသမီးချောလေး ပန်းရောက်ခြယ်ဟာ သီချင်းအေးအေး ချိုချိုမြမြလေးတွေကို ဖန်တီးသီဆိုတတ်ရုံ မကသေးပဲ သရုပ်ဆောင်ဘက်မှာပါ ထူးချွန်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမရဲ့ ပထမဆုံး အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွေကတော့ “လိပ်ပြာ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ လိပ်ပြာဇာတ်လမ်းတွဲလေးဟာ ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့တာကိုလည်း တွေ့ရပါတယ်။
ခုတစ်ခါမှာတော့ ပန်းရောင်လေးက “ဖူးစာဆိုတာ ဦးရာလူလို့ သူစတယ် ♬🌺”လို့ဆိုကာ ပေါ့ပါးလွတ်လပ်စွာ လှနေတဲ့ ပုံလေးတွေကို မျှဝေပေးခဲ့ပါတယ်။ ပန်းရောင်လေးရဲ့ ပေါ့ပါးလွတ်လပ်စွာ လှနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Pan Yaung Chel
ပရိတ်သတ်တွေအတွက် သတင်းကောင်းလေးတစ်ခုကို မျှဝေဖော်ပြလာတဲ့ ပိုးကြာဖြူခင်
ပရိသတ်ကြီးရေ ပိုးကြာဖြူခင်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ MRTV-4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေက တခဲနက်အားပေးချစ်ခင်ကြပြီး မထင်မှတ်ထားလောက်အောင် အောင်မြင်မှုတွေကို ရရှိသိမ်းပိုက်ထားတာပါ။
လတ်တလောမှာလည်း ပိုးကြာဖြူခင်ပါဝင်သရုပ်ဆောင်ထားတဲ့ “မာယာလှည့်ကွက်” ဆိုတဲ့ ဇာတ်လမ်းတွဲလေးကပြသနေခဲ့ပါတယ်။ ဒီနေ့မှာတော့ ပိုးကြာဖြူခင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းလေးတစ်ခုကို မျှဝေဖော်ပြလာခဲ့ပါတယ်။ ဒီသတင်းလေးကတော့ လာမယ့် နိုဝင်ဘာလ (၁၃)ရက်နေ့မှာ ပိုးကြာဖြူခင်ရဲ့ သီချင်းလေးတစ်ပုဒ်ထွက်ရှိလာမှာပဲဖြစ်ပါတယ်။
သီချင်းလေးရဲ့ နာမည်ကတော့ “မိန်းကလေးတစ်ယောက်အတွက်” လို့ နာမည်ပေးထားတယ်လို့ သိရှိရပါတယ်။ပရိသတ်ကြီးတွေထဲက ပိုးကြာဖြူခင်ရဲ့ ပရိသတ်တွေအတွက် ဒီသတင်းကောင်းလေးကို မျှဝေဖော်ပြပေးရင်း သီချင်းလေးထွက်ရှိလာရင်လည်း အားပေးကြပါဦးနော်။
Source – Poe Kyar Phyu Khin