5th December 2020





Source:Actor 99

(Unicode)

သမီးကြီးရဲ့မွေးနေ့အလှူအဖြစ် သံဃာတော်များအတွက်နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး မိဘမဲ့ကလေးများကိုအဟာရဒါနလှူဒါန်းခဲ့တဲ့ နိုင်းနိုင်း

ပရိသတ်ကြီးရေဒီနေ့နိုဝင်ဘာလ(၁၂)ရက်နေ့မှာတော့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်နိုင်းနိုင်းရဲ့သမီးကြီးဖြစ်သူ Floreece ရဲ့(၁၁)နှစ်ပြည့်မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ နိုင်းနိုင်းကတော့သမီးကြီး Floreece ရဲ့မွေးနေ့အတွက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာယခုလိုပဲမွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့ပါတယ်။

“Happy Birthday…သမီးကြီး Floreece. မနက်ဖြန်ဆို ၁၁နှစ်ပြည့်ပါ။ ဘဝမှာကျန်းမာ စိတ်ချမ်းသာပြီး လိုအင်ဟူသမျှပြည့်ပါစေ”ဆိုပြီးရေးသားကာ ပုံရိပ်လေးတွေနဲ့အတူဖော်ပြပေးထားခဲ့တာဖြစ်ပါတယ်။ သမီးကြီးရဲ့မွေးနေ့အမှတ်တရအလှူအဖြစ်လည်း သံဃာတော်များအတွက်နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး မိဘမဲ့ကလေးများအတွက်လည်းအဟာရဒါနအဖြစ်ကုသိုလ်ပြုလှူဒါန်းခဲ့ပါတယ်။

အဆိုပါအလှူအကြောင်းလေးကိုတော့”သမီးကြီး၏ မွေးနေ့အလှူလေးပါ။ ချစ်သောသူများ ကိုလည်း ဝေမျှပါတယ်။ အေးချမ်းကြပါစေ”ဆိုပြီးရေးသားကာ (၇)ရက်သားသမီးအပေါင်းသာဓုခေါ်လို့ရအောင် အလှူပုံရိပ်လေးတွေနဲ့အတူဖော်ပြပေးထားခဲ့တာဖြစ်ပါတယ်။

Source:Actor 99

Leave a Reply

Your email address will not be published. Required fields are marked *