5th December 2020

ခ်စ္သူေလးရဲ႕ သေဘာအတိုင္းစီစဥ္ထားတဲ့ မဂၤလာပြဲက်င္းပမယ့္ အရမ္းလွတဲ့ ေနရာေလးကို ပရိသတ္ေတြကိုထုတ္ျပလိုက္တဲ့ ႏိုင္းဝမ္း

အဆိုေတာ္ ႏိုင္းဝမ္း ကေတာ့ လူငယ္ပရိသတ္ေတြရဲ႕ အခိုင္အမာ အားေပးဝန္းရံမႈကို ရရွိထားသူတစ္ဦး ျဖစ္ပါတယ္။ ကိုယ္ပိုင္သံစဥ္၊ ကိုယ္ပိုင္စာသားေတြကို ဖန္တီးၿပီး သီခ်င္းေကာင္းေကာင္းေလးေတြမွ ေရးစပ္သီဆိုေလ့ရွိတဲ့ ႏိုင္းဝမ္း က ပရိသတ္ေတြရဲ႕အားေပးမႈေတြနဲ႔ ထိပ္ဆုံးမွာရပ္တည္ေနရတာပဲ ျဖစ္ပါတယ္။

ႏိုင္းဝမ္းရဲ႕ထြက္ရွိခဲ့သမွ် သီခ်င္းေတာ္ေတာ္မ်ားမ်ားကလည္း ပရိသတ္ေတြၾကားမွာ ေရပန္းစားၿပီး ေအာင္ျမင္ေနတာ ျဖစ္ပါတယ္။သူမ်ားနဲ႔မတူဘဲ ကြဲျပားေနတဲ့ အသံနဲ႔ ဆန္းသစ္တဲ့သီဆိုဟန္ေတြ ကာရံေတြကို အခ်ိတ္အဆက္မိမိေရးစပ္ႏိုင္တာေတြေၾကာင့္ စီနီယာအႏုပညာအခ်ိဳ႕ကေတာင္ေလးစားခ်စ္ခင္ေနရတာျဖစ္ပါတယ္။

ဒါ့အျပင္ သာယာေအးခ်မ္းတဲ့ အခ်စ္ေရးေလးကိုပိုင္ဆိုင္ထားကာ မၾကာခင္မွာ ခမ္းနားတဲ့ မဂၤလာပြဲေလးကို က်င္းပေတာ့မွာလည္း ျဖစ္ေၾကာင္းကို ” ေရကန္စပ္ျမက္ခင္းျပင္ႀကီးေပၚမွာ မဂၤလာပြဲက်င္းပခ်င္ပါတယ္ဆိုတဲ့ သဲသဲေလးရဲ႕ဆႏၵကိုျဖည့္ဆည္းေပးခ်င္လို႔ ကိုဗစ္ကာလမဂၤလာဧည့္ခံပြဲက်င္းပလို႔မရေသးေပမဲ့၊ အခမ္းနားဆုံးေမာ္ကြန္းတင္လက္မွတ္ေရးထိုးပြဲေလးကို က်န္းမာေရးဝန္ႀကီးဌာနရဲ႕လမ္းၫႊန္မႈနဲ႔အညီ ဒီဇင္ဘာလ ၉ရက္ေန႔မွာျပဳလုပ္ႏိုင္ဖို႔ရာ ဒီကေန႔ပဲစတင္စီစဥ္ေနပါၿပီ” ဆိုတဲ့စာေလးနဲ႔အတူ မဂၤလာက်င္းပမယ့္ ေနရာပုံရိပ္ေလးေတြကိုေဖာ္ျပထားတာေၾကာင့္ ပရိသတ္ႀကီးအတြက္မွ်ေဝေပးလိုက္ပါတယ္ ။

photo – Kyaw Zin Latt

(Unicode)

ချစ်သူလေးရဲ့ သဘောအတိုင်းစီစဉ်ထားတဲ့ မင်္ဂလာပွဲကျင်းပမယ့် အရမ်းလှတဲ့ နေရာလေးကို ပရိသတ်တွေကိုထုတ်ပြလိုက်တဲ့ နိုင်းဝမ်း

အဆိုတော် နိုင်းဝမ်း ကတော့ လူငယ်ပရိသတ်တွေရဲ့ အခိုင်အမာ အားပေးဝန်းရံမှုကို ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်စာသားတွေကို ဖန်တီးပြီး သီချင်းကောင်းကောင်းလေးတွေမှ ရေးစပ်သီဆိုလေ့ရှိတဲ့ နိုင်းဝမ်း က ပရိသတ်တွေရဲ့အားပေးမှုတွေနဲ့ ထိပ်ဆုံးမှာရပ်တည်နေရတာပဲ ဖြစ်ပါတယ်။

နိုင်းဝမ်းရဲ့ထွက်ရှိခဲ့သမျှ သီချင်းတော်တော်များများကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားပြီး အောင်မြင်နေတာ ဖြစ်ပါတယ်။သူများနဲ့မတူဘဲ ကွဲပြားနေတဲ့ အသံနဲ့ ဆန်းသစ်တဲ့သီဆိုဟန်တွေ ကာရံတွေကို အချိတ်အဆက်မိမိရေးစပ်နိုင်တာတွေကြောင့် စီနီယာအနုပညာအချို့ကတောင်လေးစားချစ်ခင်နေရတာဖြစ်ပါတယ်။

ဒါ့အပြင် သာယာအေးချမ်းတဲ့ အချစ်ရေးလေးကိုပိုင်ဆိုင်ထားကာ မကြာခင်မှာ ခမ်းနားတဲ့ မင်္ဂလာပွဲလေးကို ကျင်းပတော့မှာလည်း ဖြစ်ကြောင်းကို ” ရေကန်စပ်မြက်ခင်းပြင်ကြီးပေါ်မှာ မင်္ဂလာပွဲကျင်းပချင်ပါတယ်ဆိုတဲ့ သဲသဲလေးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးချင်လို့ ကိုဗစ်ကာလမင်္ဂလာဧည့်ခံပွဲကျင်းပလို့မရသေးပေမဲ့၊ အခမ်းနားဆုံးမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲလေးကို ကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်မှုနဲ့အညီ ဒီဇင်ဘာလ ၉ရက်နေ့မှာပြုလုပ်နိုင်ဖို့ရာ ဒီကနေ့ပဲစတင်စီစဉ်နေပါပြီ” ဆိုတဲ့စာလေးနဲ့အတူ မင်္ဂလာကျင်းပမယ့် နေရာပုံရိပ်လေးတွေကိုဖော်ပြထားတာကြောင့် ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ် ။

photo – Kyaw Zin Latt

Leave a Reply

Your email address will not be published. Required fields are marked *