သနပ်ခါးလေးလိမ်းကာ ချစ်စရာဟန်ပန်အမူအရာလေးတွေမျိုးစုံနဲ့ သရုပ်ဆောင်ထားတဲ့ ထက်ထက်မိုးဦး – Myanmar Hot News
2nd June 2023





photo – Htet Htet Moe oo

(Unicode)

သနပ်ခါးလေးလိမ်းကာ ချစ်စရာဟန်ပန်အမူအရာလေးတွေမျိုးစုံနဲ့ သရုပ်ဆောင်ထားတဲ့ ထက်ထက်မိုးဦး

ကြော်ငြာဘုရင်မလို့ အားလုံးရဲ့တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ မင်းသမီးချော ထက်ထက်မိုးဦးကတော့ ပရိသတ်တွေရဲ့ရင်ထဲမှာ ခုထိတိုင် နေရာယူထားဆဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက သရုပ်ဆောင်ပိုင်းမှာလည်း အပြစ်ပြောစရာမရှိလောက်အောင် ထူးချွန်သူဖြစ်ပြီး အကယ်ဒမီဆုတွေလည်း ရယူပိုင်ဆိုင်ခဲ့တာပါ။

အနုပညာအလုပ်တွေကို အချိန်အတော်ကြာရပ်နားထားခဲ့တဲ့ ထက်ထက်က အခုချိန်မှာ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ထက်ထက်မိုးဦးက အခုချိန်ထိလည်း အရွယ်တင်နုပျိုနေဆဲကာ ချစ်စရာကောင်းပြီး နုပျိုတဲ့အလှအပတွေနဲ့ ကျက်သရေရှိစွာလှပနေတာဖြစ်ပါတယ်။

သူမရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း အမြဲဖော်ပြလေ့ရှိတာလည်းဖြစ်ပါတယ် ။လတ်တလောမှာတော့ သနပ်ခါးလေးလိမ်းကာ ချစ်စရာအိုက်တင်လေးတွေမျိုးစုံပေးကာ သရုပ်ဆောင်ထားတဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ် ။ဗီဒီယိုလေးထဲမှာ ထက်တစ်ယောက် အရမ်းချစ်စရာကောင်းတာကြောင့် ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ် ။

photo – Htet Htet Moe oo

Leave a Reply

Your email address will not be published. Required fields are marked *