အိမ်ကအလုပ်သမားတွေအားလုံးကို ဖုန်းတယောက်တလုံး လက်ဆောင်ပေးခဲ့တဲ့ စမိုင်းလ် – Myanmar Hot News
25th March 2023






(Unicode)

အိမ်ကအလုပ်သမားတွေအားလုံးကို ဖုန်းတယောက်တလုံး လက်ဆောင်ပေးခဲ့တဲ့ စမိုင်းလ်

ပရိတ်သတ်ကြီးရေ ပရဟိတအလုပ်များကို တစိုက်မတ်မတ်လုပ်ကိုင်နေတဲ့ မင်းသမီးချော စမိုင်းလ်ကတော့ အလှူအတန်းများကိုလည်း မပြတ်လုပ်ကိုင်နေသူဖြစ်ပါတယ်။ အခုလို ကိုဗစ်ကာလအတွင်းမှာလည်း ကိုဗစ်ကုသရေးမှာ လိုအပ်တဲ့ အထောက်အပံ့ စက်ပစ္စည်းများကိုလည်း လှူဒါန်းပြီး ကုသိုလ်ယူခဲ့ပါသေးတယ်။
အလှူရေစက် လက်နဲ့မကွာ လှူဒါန်းနေတဲ့ စမိုင်းလ်ကတော့ ပရိတ်သတ်တွေအတွက်လည်း မကြာခဏဆိုသလို ဖုန်းဘေလ်မဲဖောက်ပေးကာ ကံစမ်းမဲအစီအစဉ်များကိုလည်း ကျင်းပပေးလေ့ရှိသူပါ။

ယနေ့မှာတော့ စမိုင်းလ်ကတော့ သူမရဲ့ အိမ်အကူ ဝန်ထမ်းများ အားလုံးကိုလည်း samsung ဖုန်း တယောက်တလုံး လက်ဆောင်ပေးခဲ့တဲ့အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။စမိုင်းလ်ကတော့ ” ကိုယ့်အိမ်မှာအားထားရတဲ့သူတို့လေးတွေအတွက်လည်းဂုဏ်ပြုပေးရတာပေါ့။ security လည်းအရေးပါသလို ထမင်းဟင်းချက်သူ အိမ်သန့်ရှင်းရသူတွေဟာလည်းကျမတို့အိမ်ရဲ့မရှိမဖြစ်တန်ဖိုးရှိသူတွေပါ☺️” ဆိုကာ ပြောပြခဲ့ပါတယ်။

စမိုင်းလ်ကတော့ အိမ်ရှိအလုပ်သမားတွေကိုလည်း မိသားစုတွေလို သဘောထားကာ လက်ဆောင်ပစ္စည်း ပေးခဲ့တာ ဖြစ်ပါတယ်။အခုဖော်ပြပေးခဲ့တာကတော့ အလှူအတန်းရက်ရောပြီး အလုပ်သမားတွေကိုလည်း မိသားစုဝင်များလို ဆက်ဆံတတ်တဲ့ စမိုင်းလ်ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ အဆုံးထိ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Photo Credit -စမိုင်းလ်smile

Leave a Reply

Your email address will not be published. Required fields are marked *